ဘယ်လိုပျော်ရွှင်စေချင်လဲ။

တက္ကသိုလ်ဂွမ်းပုံက ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားထဲမှာ ငွေအတိုးပေးစားတဲ့ ဝါဂွမ်းနေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကာရိုက်တာကို ပြန်ကြည့်တဲ့ အချိန်မှာလည်း သဘောကျတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

လက်ရှိရုံတင်ပြသနေတဲ့ ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ် လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ငွေအတိုးပေးစားတဲ့ ဝါဂွမ်းဆိုတဲ့ ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံ ရဲ့ကြိုးစား အားထုတ်မှုတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ မဂွမ်းက ရွာမှာ ငွေတိုးပေးစားတဲ့ အပျိုကြီးပေါ့နော်။ အဲ့ဒီမှာ ကိုဆင်မက ကိုယ့်ကို ကြိုက်တာလေ ကိုယ်က မကြိုက်ဘူး။ သူလည်း ပိုက်ဆံရှိပါတယ်။ ဒါပေမယ့် ကိုယ်က ကိုချစ်ဦးကို အရမ်းချစ်တယ်။ အသက်ပင် သေသေ လူဆိုးဂိုဏ်းအထိကို လိုက်ကယ်မယ်ဆိုတဲ့ စိတ်ရှိတယ်'' လို့ ဆိုပါတယ်။

Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

တက္ကသိုလ် ဂွမ်းပုံဟာ ဒီရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်ပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အချိန် ၂ နာရီပေးပြီး ပျော်စရာတွေကို ရစေမယ့် အကြောင်းကိုလည်း သြဂုတ်လ ၂၆ ရက်နေ့က ဟီးဟီး ဟားဟား ဇာတ်ကားပရက်ရှိုးမှာ သီးသန့်ဖြေဆိုခဲ့တာပါ။

'' ချစ်ပရိသတ်တွေ အတွက်ကတော့ ဒီဇာတ်ကားလေးက Entertainment တစ်ခုကို ချပြတဲ့ ဇာတ်ကားလေးပါ။ စိတ်ညစ်စရာတွေ ဘယ် လောက် ရှိရှိ ၂ နာရီလောက် အချိန်လေးကို လာရောက် ကြည့်ရှုအားပေးကြပါ။ ဟီးဟီးဟားဟား ဆိုတဲ့ အတိုင်း တကယ့်ကို ပျော်ရွှင်စေ ရပါမယ်'' လို့ ပြောပါတယ်။

ညီမလေးတစ်ယောက်လို ချစ်ရတဲ့ ကစ်ကစ်အကြောင်းပြောလာတဲ့ ဂွမ်းပုံလေး 

ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ  မြင့်မြတ်နဲ့ ရွှေမှုန်ရတီ   တက္ကသိုလ်ဂွမ်းပုံ၊ ညောင်ညောင်၊ငှက်ပျောကြော်၊ ဂွမ်းပုံကြီး၊ ကစ်ကစ်နဲ့ ပရိသတ်တွေအချစ်တော် ဟာသသရုပ်ဆောင်တွေအများကြီး ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို သြဂုတ်လ ၃၁ ရက်နေ့ ကတည်းက ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က