ည ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထိုက် နဲ့ အလှမယ် သျှားထွဋ်အိန္ဒြာတို့ စုံတွဲဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပါ။]အခုတော့ သူတို့နှစ်ယောက်နဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။
အောင်ရဲထိုက်က သျှားထွဋ်နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို အသိပေးလိုက်တာပါ။
ချစ်သူသက်တမ်း (၂)နှစ်ပြည့်သွားတဲ့ အောင်ရဲထိုက်နဲ့ သျှားထွဋ်အိန္ဒြာ
အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Duwun Media က အောင်ရဲထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာလည်း "ကျွန်တော် တို့နှစ်ယောက်ရဲ့ အချစ်ရေးက ကျွန်တော်တင်ထားတဲ့ ပို့စ်အတိုင်းပါပဲ။ ပရိသတ်တွေကို နောက်နေတာ မဟုတ်ပါဘူး။ အခုတော့ ဒီလောက်ပဲ ပြောပြခွင့်ပြုပါ။ " လို့ သူက ဆိုပါတယ်။
အောင်ရဲထိုက်တင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး သျှားထွဋ်အိန္ဒြာကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း "သူတင်ထားတဲ့ ပို့စ်အတိုင်းပါပဲ။အခုလက်ရှိတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး မပြောချင်သေးလို့ပါ"ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။
သူတို့စုံတွဲလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ စုံတွဲလေးဖြစ်သလို အနုပညာနယ်ပယ်ထဲမှာလည်း ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ချစ်သူသက်တမ်း (၂)နှစ်ကျော်လောက်မှာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြသလို အံ့သြနေကြပါတယ်။
အောင်ရဲထိုက်ဟာ ညရုပ်ရှင်ဇာတ်ကားကစပြီး ပရိသတ်တွေသတိထားအားပေးခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သျှားထွဋ်ဟာလည်း Miss Universe Myanmar 2014 ဆု ရရှိထားတဲ့အလှမယ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။