ဝါမဝင်ခင် အလှူလေး လုပ်ချင်တာကြောင့်တဲ့။

ဒီနေ့မှာ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မွေးနေ့အကြို အလှူလေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဝါမဝခင်လေး အလှူလုပ်ချင်တာ ကြောင့် မွေးနေ့အကြို အလှူပြုလုပ်ခဲ့တာပါတဲ့။ ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့က သြဂုတ်လ(၁၀) ရက်နေ့ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

 

အကယ်ဒမီ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဒီနေ့ (ဇူလိုင် ၂၆ရက်)မှာ မွေးနေ့အကြို အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့မတိုင်ခင် မွေးနေ့အကြို အလှူလေးကို ပြုလုပ်ခဲ့တာပါ။ ဝါမဝင်ခင်လေး အလှူလုပ်ချင်တာ ကြောင့် မွန်ကျောင်းမှာ မိသားစုနဲ့အတူ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

 

"ဝါမဝင်ခင် အလှူလေးလှုပ်ချင်တာရယ်ကြောင့် မွန်ကျောင်းမှာ မိသားစုနဲ့ ဝါဆိုသင်္ကန်း၊ဆွမ်း ၊ နဝကမ္မ ကပ်လှူခဲ့ပါတယ်။ မွေးနေ့အကြို အလှူ လေးပေါ့" ဆိုပြီး ဇူလိုင်(၂၆) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

ဝတ်မှုံရွှေရည်က သြဂုတ်(၁၀) ရက်နေ့မှာ အသက်(၃၀) ပြည့်တော့မှာ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

အသားနာမှာဆိုးလို့ ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ရဲဘူးဆိုတဲ့ ဝတ်မှုံရွှေရည် 

သူမရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေ လုပ်သွားဖို့ ရှိတယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ ပွဲအခမ်းနားတွေ တော်တော်များများ တက်ရောက်ဖြစ်သလို "ဒဏ္ဍာရီမိုး" ရုပ်ရှင်ဇာတ်ကားကြိးကိုလည်း ရိုက်ကူး လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့နဲ့အတူ ပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

 

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က