ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကတော့ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။
Photo: ချစ်ချစ်ဇော်
ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာလ ၃ရက်နေ့ ညမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီ့အတွက်ကြောင့်လည်း မိသားစုတွေနဲ့ ထပ်တူ အနုပညာအသိုင်းအဝိုင်းကလည်း စိတ်မကောင်း ဖြစ်လို့နေပါတယ်။
'' ၃ ၁၂ ၂၀၁၈နေ့ည ၁၁နာရီ၅၅မိနစ်တွင်ကွယ်လွန်အနိစ္စရောက်သွားသည့်ကျွန်တော့်ဆရာဦးခင်ဇော် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်'' ဆိုပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒု-ဥက္ကဌဖြစ်သူ ဦးအေးကြူလေး ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၇ နာရီက တင်ခဲ့တာကို တွေ့ရပါတယ်။
Photo: ချစ်ချစ်ဇော်
ဒါရိုက်တာ ဦးခင်ဇော်ဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အားပေးမှု များစွာ ရရှိခဲ့တာဖြစ်ပါတယ်။ ဦးခင်ဇော်က ကျန်းမာရေးအခြေအနေကြောင့် အိမ်ယာထဲ လဲနေခဲ့တာ ကြာပြီလို့ သိရပါတယ်။
မိုက်တီးပေးတဲ့လက်ဆောင်အပေါ် ခံစားချက်ကိုပြောလာတဲ့ လင်းဇာနည်ဇော်
Photo: ချစ်ချစ်ဇော်
လက်ရှိမှာတော့ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖခင်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့က အနီးကပ် စောင့်ရှောက်ပေးနေကြတာပါ။
Photo: ချစ်ချစ်ဇော်
လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်ဟာ တစ်ချိန်တုန်းက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချော တွေဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော် ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်ချစ်ဇော်၊
နဲ့ဒါရိုက်တာ မိုက်တီးတို့က အတူတကွ ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။