နှစ်ရှည်လများတွဲလာတဲ့ရည်းစားက ကိုယ်နဲ့ပြတ်ချင်တဲ့အရိပ်အယောင်တွေဖော်ပြနေပြီလား။ ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊ အကြင်နာတွေကို စိတ်ရှုပ်စရာချုပ်နှောင်မှုတွေသဖွယ် မြင်နေပြီလား။ ဒီလိုအချိန်မျိုးမှာ ဘာဆက်လုပ်ရမလဲမသိတာဟာ ထုံးစံပါပဲ။ ကိုယ့်ဖက်က မပြတ်နိုင်သေးတော့ ဒီအချိန်မျိုးမှာပြန်ဆွဲထားဖို့ကိုပဲ ကြိုးစားမိကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဆွဲထားတိုင်းကော အလုပ်ဖြစ်မှာတဲ့လား။ ပြတ်ခါနီး Relationship တစ်ခုက ပြတ်ခါနီးကြိုးတစ်ချောင်းလိုပါပဲ။ တစ်ဖက်ဖက်က အားအနည်းငယ်သက်ရောက်လိုက်ရုံနဲ့ပြတ်သွားနိုင်တဲ့အနေအထားပါ။ ဒါပေမယ့်လည်း အခြေအနေကြီးကိုဒီတိုင်းဆက်ထားလို့လည်း မဖြစ်ဘူးလေ။ ဒီတိုင်းတန်းလန်းကြီးဖြစ်နေတာက နှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးဆိုတာ နှစ်ဖက်စလုံးက သူစပြောနိုးနိုးဆိုပြီး စောင့်နေတဲ့အနေအထားဆိုတော့ ယောကျ်ားလေးဘက်ကပဲ လာမယ့်ဘေးပြေးတွေ့လိုက်တာကောင်းပါတယ်။ ပြတ်ကိုပြတ်ရတော့မယ့်အခြေအနေဆိုရင်လည်း ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားပြီးမှ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာလုပ်သင့်တဲ့အချက်လေးတွေကို အဆင့်လိုက်ဖော်ပြပေးထားပါတယ်။
သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ဒီလိုတွေဖြစ်နေပြီဆိုရင် ကောင်မလေးကကိုယ့်ကိုဖြတ်တော့မယ်)
အဆင့် (၁)
ခင်ဗျားတို့စကားပြောဖို့လိုပြီဖြစ်တဲ့အကြောင်း လေးလေးနက်နက်ပုံစံနဲ့ပြောပါ။ ဒီနေရာကအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ သူ့ကို ပြဿနာတစ်ခုခုရှိနေပြီဖြစ်ကြောင်းသိအောင် ဟန်အမူအရာတွေ ပြသရမှာမို့ပါပဲ။ ခင်ဗျားအဲဒီလိုပြောလိုက်တာက သူ့ရဲ့အာရုံကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ ခင်ဗျားပြောဖို့လိုတာက "ကိုယ်တို့စကားပြောဖို့လိုနေပြီထင်တယ်။ ကိုယ်တို့ကြားမှာ တစ်ခုခုမှားနေပြီလို့ ကိုယ်ခံစားနေရတယ်" ဆိုတာလောက်ပါပဲ။
အဆင့် (၂)
သူ့ရဲ့အာရုံစူးစိုက်မှုကိုရပြီဆိုရင် သူ့ကိုအပြစ်တင်တဲ့လေသံ၊ ဝေဖန်တဲ့လေသံကိုရှောင်ရှားပြီး အခြေအနေကိုပဲဦးတည်ပြောပါ။ ဥပမာ... "ချစ်ကြည့်ရတာအရင်လိုမဟုတ်တော့ဘူး။ ကိုယ့်ကိုအရင်ကလောက် အချိန်မပေးတော့ဘူး။ အဆင်မပြေတာများတစ်ခုခုရှိလို့လား" ဆိုပြီးပြောကြည့်သင့်ပါတယ်။ ဒီလိုပြောခြင်းက သူ့ကို အပြစ်တင်ရာလည်းမရောက်၊ ဖြစ်နေတဲ့ပြဿနာကို တိတိလင်းလင်းရင်ဆိုင်လိုက်ရာလည်းရောက်ပါတယ်။ တကယ်လို့သူသာ ခင်ဗျားကို ခင်ဗျားတို့ကြားက ပြဿနာတွေကိုပြောချင်နေပေမယ့် ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ်ဆိုရင် ခင်ဗျားဆီက အဲဒီလို လမ်းဖွင့်ပေးတဲ့စကားကို ကြားရပြီးနောက်မှာ သူခံစားနေရတဲ့ပြဿနာတွေကို ထုတ်ပြောလာပါလိမ့်မယ်။
အဆင့် (၃)
အဆင့် (၄)
သူ့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်အကဲခတ်ပါ။ သိပ်ပြီးအေးစက်တဲ့ပုံစံလည်း မပြပါနဲ့။ လက်ကြီးပိုက်၊ မျက်မှောင်ကြီးကုတ်ပြီး တရားခံစစ် လာစစ်တာကိုမိန်းကလေးတွေ မုန်းပါတယ်။ ပုံစံအတိုင်းပဲ ဂရုစိုက်တဲ့ပုံစံနဲ့ သေချာနားထောင်ပါ။ ဒါပေမယ့် သူဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကိုလည်း သေသေချာချာစောင့်ကြည့်အကဲခတ်သင့်ပါတယ်။ တကယ်လို့ သူက သူ့ဘက်ကလွန်တဲ့အကြောင်းကိုဝန်ခံပြီး တောင်းပန်လာတယ်။ ဒါပေမယ့် တစ်ပတ်အတွင်းဘာမှထူးထူးခြားခြားပြောင်းလဲမလာဘူးဆိုရင်တော့ သူကခင်ဗျားကိုအချိန်ဆွဲနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ကိုယ်သူကာကွယ်ပြောဆိုတာမျိုးလုပ်ပြီး တစ်ပတ်အတွင်းဘာမှပြောင်းလဲမလာဘူးဆိုရင်တော့ ခင်ဗျားစိတ်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လမ်းခွဲစကားစပြောဖို့အချိန်ရောက်ပါပြီ။ ကံကောင်းရင် (ဒါမှမဟုတ်) ကံဆိုးရင် ခင်ဗျားမေးလိုက်တဲ့အချိန်မှာပဲ သူက လမ်းခွဲမယ့်အကြောင်းပြောချင်ပြောလာနိုင်ပါသေးတယ်။ ခံစားရပေမယ့် တစ်ခါတလေ အနာဆိုတာ စိမ်းနေတုံးအနာခံပြီး အပ်နဲ့ချုပ်လိုက်တာက အကျက်ပိုမြန်စေပါတယ်။
Source: Get-a-wingman