• အင်ဒိုနီးရှားမှာ ငလျင်ကြီးလှုပ်ပြီးနောက် ၆ ပေခွဲမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်

ငလျင်ကြောင့် အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးနောက် ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ ရိုက်ခတ်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

image

Photo: EPA

ယနေ့ (စက်တင်ဘာ ၂၈ ရက်) လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အဆောက်အအုံ ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ လမ်းမတွေပေါ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ "ပါလူမြို့မှာ ဆူနာမီရေလှိုင်းတွေ တက်ရောက်လာခဲ့တယ်" လို့ ငလျင်နဲ့ဆူနာမီဆိုင်ရာ ဌာနခွဲအကြီအကဲ ရဟ်မတ်ထရိုင်ယိုနိုက ပြောပါတယ်။[No available link text]

ငလျင်ကြီးလှုပ်ပြီးနောက် ဆူလာဝေစီကျွန်းပေါ်ရှိ ပါလူမြို့မှာ ၆.၆ ပေမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုအတွင်း လူအများအပြား ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေပြီး ဗလီတစ်လုံးအပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့တာ တွေ့ရပါတယ်။

ယခုဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ဆူနာမီကြောင့် လက်ရှိအချိန်ထိ သေဆုံးမှုသတင်းတွေ မကြားရသေးဘူးလို့ ဆိုပါတယ်။ သို့သော် သတင်းအချို့ကတော့ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဒေါင်ဂလာမြို့မှာ လူတစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ငလျင်ဗဟိုချက်နဲ့ နီးကပ်နေတဲ့ ပါလူမြို့နဲ့ ဒေါင်ဂလာမြို့မှာ လူဦးရေ ၆၀၀,၀၀၀ နေထိုင်ကြပြီး ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြကြောင်း သိရပါတယ်။

Photos: Twitter/Ramadhani Eko P

ငလျင်ကြီးလှုပ်ခတ်မှုကြောင့် အဆိုပါမြို့တွေမှာ အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ ကနဦး သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တဲ့ ပါလူမြို့ရှိ လေဆိပ်ကိုပိတ်ထားကြောင်းလည်း သိရပါတယ်။ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Photo: AFP

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

နောက်ဆက်တွဲသတင်း

Share

Loading Next Article...
က္က