ကာလကတ္တားနဲ့ ကူမင်းမြို့ကို ဖြတ်သန်းတဲ့ လမ်းက မြန်မာကိုဖြတ်မှာပါ။

တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံကို ဆက်သွယ်ပြီး ကျည်ဆံရထားပြေးဆွဲဖို့စီစဉ်နေပြီး အဲ့ဒီရထားလမ်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သွားမှာဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောဆိုလိုက်ပါတယ်။



 

Photo - NDTV





ပြီခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံကာလကတ္တားမြို့မှာ တရုတ်ကောင်စစ်ဝန် ဇန်ဝူက မီဒီယာတွေကို ပြောကြားမှုကို အိန္ဒိယသတင်းဌာနဖြစ်တဲ့ NDTV ကဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကြားမှာ မြန်နှုန်းမြင့်သွားနိုင်မယ့် ရထားလမ်းတစ်ခုကိုတည်ဆောက်မယ်လို့ တရုတ်ကောင်စစ်ဝန်ကပြောပါတယ်။



"ကူမင်းနဲ့ ကာလကတ္တားမြို့ကို နာရီအနည်းငယ်နဲ့ရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်တာပါ။ အမှန်တကယ်လုပ်ဆောင်မယ့့်စီမံကိန်းဖြစ်ပါတယ်။"လို့ သူကထပ်ပြီးပြောပါတယ်။



ဒီရထားလမ်းစီမံကိန်းဟာ ၂၈၀၀ ကီလိုမီတာ ရှည်ရှားမှာဖြစ်ပြီး ရထားလမ်းတလျောက် စက်ရုံတချို့ရှိမှာဖြစ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။



ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆွေးနွေးအကောင်အထည်ဖော်နေတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတွေအတွက် အာရှပိုးလမ်းမကြီးလို စီမံကိန်းဖြစ်တယ်လို့ တရုတ်အရာရှိကပြောဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က