ဘိုင်ယန်မြူးနစ်အသင်းရဲ့ဗဟိုခံစစ်ကစားသမား ဘိုတန်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ထပ်သွားရောက်ကစားရမယ့် အသင်းကို ရွေးချယ်လိုက်ပြီလို့ Le Parisien က ဖော်ပြခဲ့ပါတယ်။ ဘိုတန်ဟာ ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
Photos: Sportskeeda
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဗဟိုခံစစ်ကစားသမား ဘိုတန်ဟာ ပြင်သစ်လီဂူးဝမ်းချန်ပီယံဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နွေရာသီထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘိုတန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြမော်ရင်ဟိုထံ ဖုန်းဆက်ပြီး ၎င်းကို ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အိုးထရက်ဖို့ဒ်ကို လာရောက်ဖို့ဆန္ဒမရှိတဲ့အကြောင်းကို ပြောကြားခဲ့သူဖြစ်ပါတယ်။
အယ်ဒါဝီလ်လား၊ ဟယ်ရီမက်ဂွိုင်းယားလား ရွေးချယ်ရတော့မယ့် မန်ချက်စတာယူနိုက်တက်
ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၁ အထိ ကျန်ရှိနေသေးသူဖြစ်ပြီး ယခုနွေရာသီဈေးကွက်မှာ ဥရောပအင်အားကြီးအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကလည်း ဘိုတန်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခေါ်ယူဖို့ စိတ်မဝင်စားတော့ဘဲ လက်လျှော့သွားခဲ့တာဖြစ်ပါတယ်။
Photos: Bavarian Football Works
ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းမတည်ငြိမ်မှုနဲ့ စည်းကမ်းလိုက်နာမှုအားနည်းတဲ့ ဘိုတန်ကို ဘိုင်ယန်မြူးနစ်အသင်းက ရောင်းချဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပြီး ဘိုတန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်ခဲ့ရသူဖြစ်ပါတယ်။
စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းကလည်း ဘိုတန်ကို နွေရာသီအပြောင်းအရွှေ့ကာလအစောပိုင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အေစီမီလန်အသင်းရဲ့ဝါရင့်နောက်ခံကစားသမား ဘိုနူချီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘိုတန်ကို ခေါ်ယူဖို့ ဆက်လက်မကြိုးပမ်းတော့တာဖြစ်ပါတယ်။