• အခါးသီးဆုံး ပြိုင်ဘက်အသင်းရဲ့ ဂျာစီကို ကိုယ်စီဝတ်ဆင်ခဲ့ရတဲ့ နဗီးလ် နဲ့ ကာရေဂါ

လောင်းကြေးအတိုင်း အသီးသီး ဝတ်ဆင်ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်ဟာ မနေ့ညက ပြုလုပ်ခဲ့တဲ့ Sky Sports ရဲ့ ရုပ်သံအစီအစဉ်မှာ လီဗာပူးလ်ဂျာစီကို ဝတ်ဆင်ခဲ့ရပါတယ်။ ရာသီမစခင်က လီဗာပူးလ်နောက်ခံလူဟောင်းကြီး ဂျင်မီကာရေဂါနဲ့ ပယ်နယ်တီ အပြိုင်ကန်သွင်းပြီး လောင်းကြေး အတိုင်း ပြိုင်ဘက်အသင်းရဲ့ ဂျာစီကို နဗီးလ်က ဝတ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

image
 

နဗီးလ်ဟာ ရှာကွီရီရဲ့ နာမည်ပါ ကျောနံပါတ် (၂၃)ကို ဝတ်ဆင်သွားခဲ့ပါတယ်။ ဒီကျောနံပါတ်ဟာ ကာရေဂါ လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ နံပါတ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နဗီးလ်ကတော့ ဂျာစီကို ပြောင်းပြန်ဝတ်ဆင်ပြီး အစီအစဉ်ကို တင်ဆက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဂျာစီမှာတော့ ရှာကွီရီ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတယ်လို့လည်း သိရပါတယ်။

မက်ဆီ ကျန်ရစ်ခဲ့တဲ့ UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နောက်ဆုံးဆန်ခါတင်စာရင်း 

image
 

တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ ပဲလေ့စ် နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲကို Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူတွေအဖြစ် နဗီးလ် နဲ့ ကာရေဂါတို့က တာဝန်ယူတင်ဆက်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နဗီးလ်က ကာရေဂါကို ပြန်လည်လက်စားချေမှု ပြုလုပ်သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်စေခဲ့ပါတယ်။

 

စပါးအသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါ်လင်ဟိုနဲ့ ပတ်သက်ပြီး အလောင်းအစားပြုလုပ်ခဲ့မှုမှာ ကာရေဂါဟာ ရှုံးနိမ့်ခဲ့ပြီး ဂယ်ရီနဗီးလ်က ကစားသမားဘ၀ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၂)ပါ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ညမှာ ပြိုင်ဆိုင်မှုနဲ့ အငြိုးအတေးကြီးမားလွန်းခဲ့တဲ့ လီဗာပူးလ် နဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီးနှစ်ဦးကို ပြိုင်ဘက်အသင်း ဂျာစီတွေ ကိုယ်စီဝတ်ဆင်ခဲ့မှုကို မြင်တွေ့ခဲ့ရပါတယ်။

 

နဗီးလ်ကတော့ လီဗာပူးလ်အသင်းရဲ့ ဂျာစီကို ပြောင်းပြန်ဝတ်ဆင်ခဲ့မှုဟာ မဟာပြိုင်ဘက်လီဗာပူးလ်အသင်းရဲ့ အမှတ်တံဆိပ် ထင်ပေါ်နေခြင်းကို ရှောင်လွှဲဖို့အတွက် ဝတ်ဆင်ခဲ့တာလို့ သိရပါတယ်။ ကစားသမားကြီးနှစ်ဦးဟာ ပြိုင်ဘက်အသင်းဂျာစီကို ဝတ်ဆင်ပြခဲ့ပြီးနောက်မှာတော့ ဂျာစီချင်းပြန်လည်လဲလှယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က