• ဒယ်လီအလီ ရဲ့ နောက်ထပ် စိန်ခေါ်မှုကို ဘယ်သူတွေ လိုက်လုပ်နိုင်ဦးမလဲ?

ပထမစိန်ခေါ်မှုကိုတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ပျော်ပျော်ရွှင်ရွှင်လိုက်ပါ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ အားလုံး အတွက် နောက်ထပ် စိန်ခေါ်မှု တစ်ရပ်ကို ဒယ်လီအလီက ထပ်မံ ဖော်ပြပေးလိုက်ပြန်ပြီ ဖြစ်လို့ DuwunSports ပရိသတ်ကြီး ထဲမှာ ဘယ်သူက ပထမဆုံး ဒယ်အလီကို ပြန်လည်စိန်ခေါ်နိုင်စွမ်းရှိမလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်နေပါတယ်။

gettyimages-1017556278.jpg 

စပါးတိုက်စစ်မှူး ဒယ်အလီအနေနဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံဟန်တစ်ခုဖြစ်တဲ့ လက်၃ ချောင်းကို နဖူးပေါ်တင်ပြီး မျက်လုံးကို အဝိုင်းပုံသဏ္ဍာန် ဖော်တဲ့ ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ရာမှာတော့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

၎င်းရဲ့ လုပ်ပြမှုကို ဗီဒီယိုပေါင်း ၁၂၈ ခုမှ ကမ္ဘာပေါ်က ပရိသတ်တွေ လေ့လာခဲ့ကြရပြီး ပြန်လည် လုပ်ဆောင်ပြီးအလျှိုလျှို ဆိုရှယ်မီဒီယာပေါ် ပြန်တင်နေကြတာ အခုဆိုရင်တော့ ခေတ်စားနေခဲ့တာ ဖြစ်ပါတယ်။

64eb9d785b7d958743c767f036027edf.jpg

Photo - PA

ပြီးခဲ့တဲ့ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အလီက ဂိုးသွင်းပြီးအောင်ပွဲခံဟန်တစ်ခုက အခုလို ကမ္ဘာတစ်ခုလုံး လိုက်လုပ်နေရတဲ့အထိ အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့နောက် အခုလို အောင်ပွဲခံဟန် ဗီဒီယိုကို ၎င်းရဲ့ အသင်းဖော်တွေနဲ့အတူ ထပ်မံလုပ်ဆောင်ပြခဲ့ပြီး ဘယ်သူမှ လိုက်မလုပ်နိုင်ဘူလို့ ပြောဆိုပြီး ဆိုရှယ်ပေါ် တင်ခဲ့ရာမှတဆင့် တစ်ကမ္ဘာလုံးက လိုက်လံ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

image

Photo - YouTube

 

တစ်ချို့ မိန်းကလေးတွေဆိုရင် သူတို့ သိတဲ့ ဒီ challenge က ဘယ်သူလုပ်ပြီး ဘယ်ကလာတယ်ဆိုတာတောင် မသိလောက်အောင် သိရှိတဲ့နှုန်း အရမ်းကို များပြားခဲ့တာကိုလည်းတွေ့ရပါတယ်။

အခုတော့ အားလုံး အတွက် နောက်ထပ် စိန်ခေါ်မှု တစ်ရပ်ကို ဒယ်အလီက ထပ်မံ ဖော်ပြပေးလိုက်ပြန်ပြီ ဖြစ်လို့ DuwunSports ပရိသတ်ကြီး ထဲမှာ ဘယ်သူက ပထမဆုံး ဒယ်လီအလီကို ပြန်လည်စိန်ခေါ်နိုင်စွမ်းရှိမလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်နေပါတယ်။

Share

Loading Next Article...
က္က