• အက်ရှ်လေယန်း ကံဆိုးပြီး လုခ်ရှော ကံကောင်းသွားမှာလား

လက်ရွေးစင်အသင်းလူစာရင်း ကြေညာတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နည်းပြဂါးရတ်ဆောက်ဂိတ်ရဲ့ လူစာရင်းအသစ် ကြေညာတဲ့အချိန်မှာ ချန်လှပ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ အက်ရှ်လေယန်းကို နည်းပြ ဆောက်ဂိတ်က စကားပြောခဲ့တယ်လို့ သိရပါတယ်။

0_AGP_MDM_070718ENGLAND_226JPG.jpg

အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာလ ၈ ရက်နေ့မှာ စပိန်အသင်းနဲ့ ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပြီး နောက်ထပ် ၃ ရက်အကြာမှာ ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွယ်စုံရ အက်ရှ်လေယန်းဟာ အင်္ဂလန်အသင်းရဲ့လူစာရင်းအသစ်မှာ နည်းပြဆောက်ဂိတ်က လူငယ်တွေကို ပွဲထုတ်ချင်တာကြောင့် ချန်လှပ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ် ၃ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိထားတဲ့ကစားသမားဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက် ၎င်းအနေနဲ့ လူငယ်တွေကို နေရာပေးရမယ်ဆိုတာ နားလည်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် အက်ရှ်လေယန်းဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်သေးဘူးလို့သိရပြီး အသင်းက ပြန်လည်ခေါ်ယူမယ့်အချိန်အတွက် တံခါးဖွင့်ထားမယ်လို့ သိရပါတယ်။

image
 

အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ အက်ရှ်လေယန်းကို ထုတ်ပယ်ခဲ့မယ်ဆိုရင်တောင် နည်းပြဂါးရတ်ဆောက်ဂိတ်ဟာ အက်ရှ်လေယန်းရဲ့အသင်းဖော်ဖြစ်တဲ့ လုခ်ရှောကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဆောက်ဂိတ်ဟာ ၎င်းရဲ့ပထမပွဲထွက်လူစာရင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးကတည်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ယမန်နေ့က လက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဂျေမီဗာဒီနဲ့ ချယ်ဆီးအသင်းရဲ့နောက်ခံကစားသမား ဂယ်ရီကာဟေးလ်တို့ဟာ လက်ရွေးစင်အသင်းမှာ လူငယ်တွေကို နေရာပေးဖို့အတွက် နောက်ဆုတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂယ်ရီကာဟေးလ်ရဲ့ဆုံးဖြတ်ချက်ဟာ လီဗာပူးအသင်းရဲ့နောက်ခံကစားသမား ဂျိုးဂိုးမက်ဇ်အတွက် လက်ရွေးစင်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ တံခါးပွင့်သွားစေခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က