• မန်စီးတီးနဲ့လီဗာပူးအသင်းတို့လို တိုက်စစ်ဘာလို့မကစားနိုင်တာလဲဆိုတာ ပြောပြခဲ့တဲ့ မော်ရင်ဟို

ခံစစ်မတည်ငြိမ်တာကြောင့်ပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးအသင်းတို့လို တိုက်စစ်ဖွင့်မကစားနိုင်တဲ့အကြောင်းအရင်းဟာ ခံစစ်ပိုင်းမှာ မတည်ငြိမ်တဲ့အတွက်ကြောင့််ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

image

Photos: Daily Mail

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ဘန်လေအသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ၃ ပွဲဆက်မရှုံးနိမ့်ဖို့အတွက် ကြိုးစားသွားရမှာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ လက်ရှိအချိန်မှာ ဖိအားပေါင်းစုံခံစားနေရပြီး ၎င်းရဲ့ကစားကွက်ကို အဓိကဝေဖန်ခံနေရတာဖြစ်ပါတယ်။

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

နည်းပြမော်ရင်ဟိုရဲ့ကစားကွက်ပုံစံဟာ ခံစစ်ကို အသားပေးတဲ့ကစားကွက်လို့ ဝေဖန်နေကြပြီး အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြမော်ရင်ဟိုက အသင်းရဲ့တိုက်စစ်ကို တိုးတက်စေဖို့အတွက် ခံစစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Metro

 

"ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ခင်ဗျား သိပါတယ်"

"အဲဒီလုပ်ငန်းစဉ်မှာ စွန့်စားမှုတစ်ခုရှိပါတယ်။ အထူးသဖြင့် ခင်ဗျား ခံစစ်မှာ အမှားကျူးလွန်လိုက်မိပြီဆိုရင် အဲဒါက လုပ်ငန်းစဉ်တစ်ခုလုံး လည်ပတ်နေမှုကို ချိုးဖျက်သလိုဖြစ်သွားမှာပါ"

"တကယ်ကောင်းမွန်တဲ့အသင်းဆိုတာ နောက်တန်းကလည်း လုံးဝထောင့်စေ့နေပြီး တိုက်စစ်ကလည်း အမှန်တကယ် ကောင်းမွန်တဲ့အသင်းပါ"

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့လို ကစားနိုင်လားလို့ မေးမြန်းခဲ့တဲ့အခါမှာ နည်းပြမော်ရင်ဟိုက ယခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုပြောဖို့တောင် ကျွန်တော် မကြိုးစားချင်ပါဘူး"

"အဲဒါက သူတို့က သူတို့ပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ပဲ"

"စပါးနဲ့ပွဲတုန်းက ကျွန်တော်တို့အသင်းက တကယ့်ကို ကောင်းမွန်ပြီး တကယ့်ကို တောင့်တင်းခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း တကယ့်ပြိုင်ဘက်ကောင်းပါ။ ကျွန်တော်တော့ သူတို့တော့ ပြဿနာတက်ပြီလို့ ခံစားခဲ့ရပါတယ်"

"ဒါပေမယ့် ၅ မိနစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ခံစစ်အမှား ၂ ခုက ကျွန်တော်တို့ကို ရှုံးနိမ့်စေခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က