မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက မန်စီးတီးအသင်းနဲ့ပွဲစဉ်အတွက် ၎င်းတို့ရဲ့ကွင်းသစ်ကို ဖွင့်ဖို့အဆင်သင့်မဖြစ်သေးတာကြောင့် ဝင်ဘလေကွင်းကို ပြောင်းရွှေ့ဖို့ ပြန်လည်စီစဉ်ခဲ့ရပါတယ်။
Photos: The Sun
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပြီး ဆောက်လုပ်နေတဲ့ ကွင်းသစ်ဟာ နိုဝင်ဘာလလောက်မှသာ စတင်ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အဆင်မပြေမှုတွေ ဖြစ်နိုင်တဲ့ မန်စီးတီးပရိသတ်တွေအတွက် အခမဲ့ဘတ်စ်ကားများ စီစဉ်ပေးဖို့ မျှော်လင့်နေပြီး စပါးအသင်းရဲ့ဥက္ကဌ လီဗိုင်းအနေနဲ့ ယင်းအတွက် ကုန်ကျစရိတ်အားလုံးကို ကျခံပေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကွင်းသစ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
Photos: The Sun
တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်ဟာ NFL ပွဲစဉ်အပြီး တစ်ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ကွင်းမျက်နှာပြင်အနေအထားနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ညနေမှာ ကစားမယ့်ပွဲစဉ်အချိန်ကို ၂၉ ရက်နေ့ညကို ပြောင်းလဲလိုက်တာကြောင့် ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက အောက်စ်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တယ်လို့ ယူဆမယ်ဆိုရင် နောက်ထပ်တစ်ဆင့် ကရာဘောင်ဖလားပွဲစဉ်ကို မဖြစ်မနေ နောက်ဆုတ်ရတော့မှာဖြစ်ပါတယ်။
ပွဲချိန်ပြောင်းလဲမှုဟာ မန်ချက်စတာစီးတီးအသင်းအတွက် ယင်းအပတ်ထဲမှာပဲ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို လက်ခံယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အထိပါ အကျိုးသက်ရောက်မှုရှိစေပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့်ယင်းပွဲစဉ်ကို ၄ ရက်နေ့ကို ပြောင်းလဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။