မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်က နည်းပြ မော်ရင်ဟိုဟာ ၎င်းရဲ့အဝေဖန်ခံနေရတဲ့ကစားသမားတွေဆီက ဖိအားတွေကို လမ်းလွှဲပေးနိုင်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုဟာ ယခုရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဖိအားတွေဝင်နေသူဖြစ်ပြီး ၄ ပွဲကစားပြီးချိန်မှာ ၂ ပွဲရှုံး၊ ၂ ပွဲနိုင်ရလဒ်ရရှိထားပါတယ်။
Photos: Sportskeeda
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်နဲ့ စပါးအသင်းတို့ကို ၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘန်လေအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဖိအားတွေကနေ အနည်းငယ်သက်သာခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား မာတစ်က နည်းပြမော်ရင်ဟိုဟာ ကစားသမားတွေအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ပြုလုပ်နေသူဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
သတ်မှတ်ထားတဲ့ရက်မှာ ကွင်းအသစ်မဖွင့်နိုင်လို့ မန်စီးတီးအတွက် ပိုက်ဆံကျခံရဖွယ်ရှိနေတဲ့ စပါး
"သူဘာလုပ်နေလဲဆိုတာ သူ သေချာပေါက် သိပါတယ်။ အဲဒါကို ခင်ဗျားလည်း သိကောင်းသိနေပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်"
"သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နည်းပြဘဝမှာ ဘာတွေ ရရှိခဲ့တယ်ဆိုတာ ခင်ဗျား သိပါတယ်။ အဲဒါက ခင်ဗျားကို အားလုံးပြသနိုင်ပါတယ်"
Photos: Goal
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီအစကို အားလုံးက ဝိုင်းဝန်းလက်ညှိုးထိုးနေကြပေမယ့် မာတစ်က နည်းပြမော်ရင်ဟိုဆီမှာ ဘာမှ ကွဲပြားခြားနားနေတာမျိုး မမြင်တွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။
"သူက ဖိအားတွေနဲ့ ကောင်းကောင်းဖြေရှင်းနိုင်တဲ့သူတစ်ယောက်လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း သူ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေတာပေါ့။ ဘာမှ ကွဲပြားခြားနားတာ ကျွန်တော် မတွေ့ပါဘူး"
"ဘန်လေနဲ့ပွဲမတိုင်မီက သူ အရမ်းကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခဲ့ပါတယ်။ ကောင်းမွန်တဲ့နည်းလမ်းနဲ့ သူ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်"
"သူတို့က ကျွန်တော်တို့ကို အမြင့်ဘောတွေနဲ့ ပြဿနာဖြစ်စေနိုင်တယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဖယ်လိုင်နီက ခံစစ်နဲ့ နီးနီးကပ်ကပ်နေပြီး အမြင့်ဘောတွေကို တားဆီးခဲ့တာပေါ့"လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ဝက်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Share