• အခွန်ငွေရှောင်တိမ်းလို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မော်ရင်ဟို

ငွေဒဏ်မှာ ကျခံရမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်အတွင်း အခွန်တိမ်းရှောင်မှုကြောင့် စပိန်တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဆိုင်းငံ့ထောင်ဒဏ် (၁)နှစ် ကျခံရမှာဖြစ်ပြီး မော်ရင်ဟိုဟာ ယူရို ၃.၃သန်းကို ရှောင်လွှဲခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

image

Photo : Newsweek

 

စပိန်မြေမှာ (၃)နှစ်ကြာ ရီးရဲလ်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မော်ရင်ဟိုဟာ အိုင်ယာလန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းထဲ လွှဲပြောင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ရရှိခဲ့တဲ့ ပုံရိပ်အသုံးပြုခ ဝင်ငွေကို မော်ရင်ဟိုက ရှောင်လွှဲခဲ့ တာလည်း ဖြစ်ပါတယ်။ El Mundo ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ အမှု (၂)ခုအတွက် ထောင်ဒဏ် (၆)လစီ ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

image

Photo : The 42

 

"ဒီအတွက် အဖြေမရှိပါဘူး၊ ဒါကို ခုခံကာကွယ်ဖို့လည်း ကျွန်တော့်မှာ အစီအစဉ်မရှိပါဘူး၊ ကျွန်တော် ပေးစရာရှိတာတွေကို ပေးပြီးပြီ၊ ဒီအတွက်လည်း အားလုံး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာမို့ ဒီကိစ္စက ပြီးဆုံးသွားပါပြီ" လို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မော်ရင်ဟိုက ပြောကြားခဲ့ဖူးပါတယ်။

 

အခွန်ရှောင်တိမ်းမှုကြောင့် အခုလိုပြစ်ဒဏ်ကျခံခဲ့ရတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေထဲမှာတော့ မော်ရင်ဟိုက ပထမဆုံးမဟုတ်ပဲ ကမ္ဘာကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာလည်း အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာလည်း အခွန် ရှောင်လွှဲမှုကြောင့် ယူရို ၁၄.၇သန်းထိ ဒဏ်ကြေးဆောင်ခဲ့ရပြီး ဖြစ်ပါတယ်။

Photo : Goal.com

 

မက်ဆီကတော့ ၂၀၀၇ ကနေ ၂၀၀၉ အတွင်းမှာ ဝင်ငွေခွန်ရှောင်လွဲှခဲ့တာကြောင့့် ဆိုင်းငံ့ထောင်ဒဏ် (၂၁)လ နဲ့ ဒဏ်ကြေးအဖြစ် ယူရို နှစ်သိန်းခွဲကျော် စပိန်တရားရုံးကို ပေးချေခဲ့ရပါတယ်။ မက်ဆီရဲ့ ဖခင် ဂျော့ဟာလည်း ယူရိုတစ်သိန်းရှစ်သောင်း ဒဏ်ကြေးကျသင့် ခဲ့ရပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ဟာလည်း ဘာစီလိုနာကစားသမားဘ၀ အခွန်ရှောင်တိမ်းခဲ့တာကြောင့် ထောင်ဒဏ် (၁၆)လ ချမှတ်ခံခဲ့ရပြီး ပုံရိပ်အသုံးပြုခ ယူရို (၁)သန်းကို ဝင်ငွေခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က