တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
- ပီအက်စ်ဂျီနည်းပြတူချယ်လ်က အသင်းကွင်းလယ်လူ ရာဘီယော့ဟာ ပြင်သစ်ကလပ်မှာ ဆက်ရှိနေဖို့ မသေချာဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ရာဘီယော့ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ရာဘီယော့ဟာ ရာသီအဖွင့်ပွဲစဥၤအဖြစ် ကိန်းအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo : FedeNerazzurra
- မိုနာကို ကွင်းလယ်တိုက်စစ်ကစားသမား ကီတာဘလိတ်ဒ်ဟာ အင်တာမီလန်အသင်းနဲ့ ဒီနေ့မှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Di Marzio က ဖော်ပြခဲ့ပါတယ်။ လာဇီယိုအသင်းနဲ့အတူ စီးရီးအေမှာ ကစားခဲ့ပြီးနောက် ခြေစွမ်းပြခဲ့တဲ့ ကီတာဘလိတ်ဒ်ကို မိုနာကိုအသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုနာကိုမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် ကီတာဘလိတ်ဒ်ဟာ အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အင်တာမီလန်အနေနဲ့ ကစားသမားကို အပြီးသတ်ဝယ်ယူဖို့ပါ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo : Tribuna.com
- လာဇီယိုကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်အတွက် အေစီမီလန်အသင်းက ယူရိုသန်း ၁၁၀နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းမှုဟာ ယူရိုသန်း ၁၁၀အပြင် အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဘိုရီနီကိုပါ အလိုက်ပေးထည့်သွင်းကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အေစီမီလန်အနေနဲ့ ကစားသမားကို ကမ်းလှမ်းမှုမှာ ကနဦးအငှားခေါ်ယူမှုအတွက် ယူရိုသန်း ၄၀ ပေးချေသွားမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူဖို့ ယူရိုသန်း ၇၀ ထပ်မံပေးချေသွားမယ်ဆိုတဲ့ပုံစံနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
Photo : The Sun
- ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုဟာ အေစီမီလန်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ နည်းပြဆာရီလက်ထက်မှာ ပုံမှန်နေရာရရှိဖို့ ခက်ခဲလာဖွယ် ရှိနေခဲ့တဲ့ ဘာကာယိုကိုဟာ အငှားပြောင်းရွှေ့ပြီးပါက အေစီမီလန်က အပြီးသတ် ဝယ်ယူဖို့အတွက် သဘောတူညီချက်ပါ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘာကာယိုကိုကို အပြီးသတ်ဝယ်ယူပါက အေစီမီလန်အနေနဲ့ ယူရို၃၅သန်းခန့် ပေးချေရမယ်လို့ သိရပါတယ်။
Photo : The Liverpool Offiside
- လီဗာပူးလ်အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ကာရီးယပ်စ်နဲ့ မစ်ဂ်နိုလတ်တို့ကို ကလပ်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာရီးယပ်စ်ကို တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းက စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မစ်ဂ်နိုလတ်ကိုတော့ စီးရီးအေကလပ် နာပိုလီအသင်းက စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။