(၁၃)ကြိမ်မြောက် ရရှိခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပိန်စူပါဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ လာလီဂါချန်ပီယံ နဲ့ စပိန်ကိုပါဒယ်ရေးဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရတဲ့ စပိန်စူပါဖလားပွဲဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖလား (၂)လုံးစလုံးကို ဘာစီလိုနာက ရရှိခဲ့တဲ့အတွက် ကိုပါဒယ်ရေးဖိုင်နယ်တက်ခဲ့တဲ့ ဆီဗီလာနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။



Photo : Sky Sports

 

ဆီဗီလာအသင်းအနေနဲ့ ပွဲအစ (၉)မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး လာလီဂါချန်ပီယံကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမား ပီကေးက ပွဲချိန် (၄၂)မိနစ်မှာ ချေပဂိုး သွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေဖြစ်နေခဲ့ပါတယ်။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : Sky Sports

 

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဟာ အသစ်ဝယ်ယူထားတဲ့ ကစားသမားတွေကို လူစားလဲလှယ်အသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းမှာ အတူရိုဗီဒယ် ပါဝင်ကစားခဲ့ပြီး ဆီဗီလာအသင်းမှာလည်း ဘာစီလိုနာက ပြောင်းရွှေ့လာခဲ့တဲ့ အလက်ဆစ်ဗီဒယ် လူစားလဲလှယ် ဝင်ရောက်ကစားခဲ့ပါတယ်။

Photo : Sky Sports

 

ပွဲကစားချိန် (၇၈)မိနစ်မှာတော့ ဘာစီလိုနာအတွက် အနိုင်ဂိုးကို ဒမ်ဘီလီက လီယွန်နယ်မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတဆင့် သွင်းယူခဲ့တာကြောင့် ဘာစီလိုနာတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်း ပွဲပြီးခါနီးမှာ ပယ်နယ်တီရရှိခဲ့ပေမယ့် တိုက်စစ်မှူး ဘင်ယက်ဒါရဲ့ ကန်သွင်းမှုကို တာစတီဂန် ကာကွယ်နိုင်ခဲ့လို့ ဘာစီလိုနာအသင်း အနိုင်ရရှိခဲ့ပါတယ်။

Photo : Sky Sports

 

ဘာစီလိုနာအတွက် စပိန်စူပါဖလားကို (၁၃)ကြိမ်မြောက် ရရှိမှု ဖြစ်လာခဲ့ပြီး စူပါဖလားသမိုင်းတစ်လျှောက်မှာ ဆုဖလားအများဆုံးရ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၁၀)ရာသီအတွင်းမှာ စူပါဖလားပွဲကို (၉)ကြိမ် ကစားခဲ့ပြီး (၆)ကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က