(၄-၂)ဂိုးနဲ့ ရီးရဲလ်က ရှုံးနိမ့်ခဲ့တာပါ။

ဒီနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးရဲလ်မက်ဒရစ်ကို ၄-၂ နဲ့ အနိုင်ယူပြီး ရာသီအကြို ဖလားတစ်လုံးကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အတွက်တော့ နှစ်ပေါင်း (၁၈)နှစ်အတွင်း စံချိန်ဆိုးတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။



Photo : Voice of Hindustan

 

ပွဲအစ တစ်မိနစ်မှာကတည်းက ဒီယေဂိုကော်စတာက ဦးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး (၂၇)မိနစ်မှာ ဘန်ဇီမာက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း (၆၃)မိနစ်မှာ ဆာဂျီယိုရာမို့စ်က ပယ်နယ်တီကတဆင့် ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပြန်လည်ရယူပေးနိုင်ခဲ့ပေမယ့် (၇၉)မိနစ်မှာ ဒီယေဂိုကော်စတာက ပြန်လည်ချေပခဲ့လို့ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : Lig Radyo

 

အချိန်ပိုမှာတော့ ဆော်လ်နီဂွက်ဇ် နဲ့ ကိုကီတို့က အက်သလက်တီကိုအတွက် အနိုင်ဂိုးတွေ သွင်းယူခဲ့လို့ ပွဲအပြီးမှာ အက်သလက်တီကိုက ဥရောပစူပါဖလားကြီးကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ရီးရဲလ်မက်ဒရစ်အတွက်တော့ (၁၈)နှစ်အတွင်း ဥရောပအဆင့် ဗိုလ်လုပွဲတွေမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Photo : News.com.au

 

နောက်ဆုံး ဗိုလ်လုပွဲ (၁၃)ကြိမ်လုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၁၄ နဲ့ ၂၀၁၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ အက်သလက်တီကိုအသင်းအပေါ် အနိုင်ရရှိခဲ့မှုကို ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ပြန်လည်လက်စားချေခံလိုက်ရတာလည်း ဖြစ်ပါတယ်။

Photo : Pinterest

 

ရီးရဲလ်နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်ကတော့ ၂၀၀၀ ခုနှစ်က ကစားခဲ့တဲ့ အင်တာကွန်တီနင်တယ်ဖလားပြိုင်ပွဲဖြစ်ပြီး ဘိုကာဂျူနီယာ အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က