• ကစားသမားအချင်းချင်း အလဲအထပ်သဘောတူညီမှုရဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီနဲ့ဘာစီလိုနာ

ရာဘီရော့နဲ့ဒမ်ဘီလီတို့ကို အလဲအထပ်ပြုလုပ်မှာပါ။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာနဲ့ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ သက်ဆိုင်ရာကစားသမားအသီးသီးကို အလဲအထပ်ပြုလုပ်ဖို့ သဘောတူညီမှုရရှိခါနီးနေပြီလို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒမ်ဘီလီကို အလိုရှိနေပြီး ဘာစီလိုနာအသင်းက အင်နီယေစတာရဲ့နေရာအစားထိုးဖို့ ရာဘီရော့ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Barcelona-news-Ousmane-Dembele-PSG-Adrien-Rabiot-1005084.jpg

Photos: Daily Express

ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီမှာ သဘောတူူညီမှုအပြန်အလှန်ရရှိဖို့အတွက် ညှိနှိုင်းနေကြပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်ကစားသမား ရာဘီရော့ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ်နဲ့ထပ်မြင်ရဦးမယ့် ဘရိုက်တန်နဲ့ပွဲစဉ် 

ပီအက်စ်ဂျီအသင်းက အသက်အရွယ်အရ အကျပိုင်းထဲဝင်ရောက်နေပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီရဲ့နေရာမှာ သွေးသစ်လောင်းဖို့အတွက် ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ အူ့စ်မန်းဒမ်ဘီလီကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ AS ရဲ့သတင်းအရ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ယင်းကစားသမား ၂ ဦးကို အပြန်အလှန်အလဲအထပ်ပြုလုပ်ဖို့ သဘောတူညီမှုရရှိခါနီးဖြစ်နေပြီလို့ သိရပါတယ်။

Photos: beIN Sports

 

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ်ဘာတိုမြူနဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာအယ်ခါလီဖီတို့ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဟိုတယ်တစ်ခုတည်းကနေ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာလာတာကို မြင်တွေ့ခဲ့ရပြီး အလဲအထပ်ကိစ္စအတွက် ဆွေးနွေးခဲ့ကြပြီးဖြစ်တယ်လို့ ယူဆရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာဘီရော့ဟာ ပီအက်စ်ဂျီအသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းက ကမ်းလှမ်းတဲ့စာချုပ်သစ်ကို ငြင်းပယ်ထားပြီး အသင်းကနေ ထွက်ခွာလိုနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့အတူ ရှိနေရတာကို ပျော်ရွှင်နေပေမယ့် ကစားသမားဘဝ တိုးတက်ဖို့အတွက် လုံလောက်တဲ့ ပွဲထွက်ခွင့်ရရှိဖို့ဆိုရင်တော့ ပုံမှန်ပွဲထွက်ခွင့်အာမခံပေးနိုင်တဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ လိုအပ်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က