• အလွန်ဆိုအတွက် အပြိုင်အဆိုင်ဖြစ်နေကြပြန်တဲ့ရီးရဲလ်နဲ့အက်သလက်

အလွန်ဆိုအတွက် ဒါဘီနှစ်သင်း ပြိုင်ဆိုင်နေတာပါ။

မက်ဒရစ်မြို့ခံ ကလပ်နှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။  သြဂုတ်လ (၃၁)ရက်နေ့ မတိုင်ခင်မှာ အလွန်ဆိုကို အရခေါ်ယူဖို့ ဒါဘီပြိုင်ဘက်နှစ်သင်းဟာ အားထုတ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

image

Photo : Metro

 

အလွန်ဆိုရဲ့ တန်ကြေးဟာ ယူရိုသန်း (၃၀) ရှိတယ်လို့ သိရပြီး ကစားသမားဟာ ဖီအိုရင်တီးနားကနေ ချယ်လ်ဆီးကို ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဥရောပရဲ့ အကောင်းဆုံးနောက်ခံကစားသမား စာရင်းဝင်ခဲ့တဲ့အထိ ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ရီးရဲလ်အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ကတော့ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းတိုများ 

image

Photo : The Independent

ရီးရဲလ်မက်ဒရစ်အသင်းက အလွန်ဆိုဟာ အသင်းရဲ့ နောက်တန်းမှာ အကောင်းဆုံးကစားပေးနိုင်မယ့်သူလို့ ယုံကြည်နေပြီး မာဆယ်လိုရဲ့ နေရာအတွက် အရံသင့်အစားထိုးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရီးရဲလ်အသင်းရဲ့ ဘယ်နောက်ခံနေရာအတွက် မာဆယ်လို တစ်ဦးတည်းသာ ရှိနေပြီး သီယိုဟာနန်ဒက်ဇ်က ဆိုဆီဒတ်ကို အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo : The Independent

 

အက်သလက်တီကိုအသင်းကလည်း အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ဖိလစ်ပီလူးဝစ္စရဲ့ နေရာကို အစားထိုးဖို့ အလွန်ဆိုကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဖိလစ်ပီလူးဝစ္စက အနီးစပ်ဆုံးအနေအထားမှာ ရှိနေခဲ့တာကြောင့် ဥရောပ စူပါဖလားချန်ပီယံအသင်းဟာ အလွန်ဆိုကို မျက်စိကျလာတာ ဖြစ်ပါတယ်။

Photo : The Independent

 

အလွတ်တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်ပြီး တိုက်စစ်ကို လိုက်ပါကစားနိုင်တဲ့ အလွန်ဆိုဟာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး မကြာခဏဆိုသလို သွင်းဂိုးတွေ ရယူနိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း အလွန်ဆိုဟာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပြီး ချယ်လ်ဆီးအတွက် (၃)မှတ် ရယူပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က