• ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ

ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဂျူဗီက စဉ်းစားနေတာပါ။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့ သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

image

Photo : Goal.com

 

- ပီအက်စ်ဂျီအသင်းဟာ ဘယ်ခံစစ်နေရာအတွက် ကစားသမား (၅)ဦးအထိကို စောင့်ကြည်မှုတွေ ပြုလုပ်နေတယ်လို့ Le10Sport က ဖော်ပြသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ကစားသမားအတွက် တန်ဖိုးက မြင့်မားနေတာကြောင့် ပီအက်စ်ဂျီအတွက် အခက်တွေ့နေရတာ ဖြစ်ပါတယ်။ ဆန်ဒရိုအတွက် ဂျူဗီက ယူရိုသန်း ၇၀ တောင်းဆိုထားတာဖြစ်ပြီး အခြားကစားသမားအဖြစ် ဖိလစ်ပီလူးဝစ္စ၊ ဟွမ်ဘားနတ်၊ ရီကာဒိုရိုဒရီဂွက်ဇ်၊ ဒန်နီရို့စ် နဲ့ ဝမ်ဒဲလ်တို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo : Goal.com

- ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူပြီးနောက် ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ El Pais က ဖော်ပြခဲ့ပါတယ်။ လက်ရှိနည်းပြ အယ်လီဂရီ နဲ့ ဂျူဗင်တပ်စ်တို့ဟာ (၄)နှစ်ကြာ လက်တွဲခဲ့ပြီး ဖြစ်ပေမယ့် ဂျူဗင်တပ်စ်က နည်းပြသစ်အတွက် ဇီဒန်းကို ခန့်အပ်ဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ရော်နယ်ဒို နဲ့ ဇီဒန်းတို့ ဂျူဗီမှာ ပြန်လည်ပေါင်းစည်းတော့မှာလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Photo : Goal.com

 

- အေစီမီလန်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ Le 10Sport က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ နောက်နှစ်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အေစီမီလန်က ရာဘီယော့အတွက် ကြိုတင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ရာဘီယော့ကို လာလီဂါကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ဒေါ့မွန်အသင်းဟာ လိုင်လီအသင်းရဲ့ တိုက်စစ်မှူး နီကိုးလပ်စ်ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေမှုတွေကို အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားကို ဒေါ့မွန်က ယူရိုသန်း ၃၀၀န်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပစ်မှတ်ကစားသမားအသစ်အဖြစ် ဘာစီလိုနာ တိုက်စစ်မှူး အယ်ကာဆာကို ဒေါ့မွန်က ပြောင်းလဲလိုက်ပြီးနောက်မှာ ပီပီအတွက် ကြိုးစားမှုတွေကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

Photo : Goal.com

 

- စပါးအသင်းဟာ အသင်းရဲ့ နောက်ခံကစားသမား ဒန်နီရို့စ်ကို ရောင်းချဖို့အတွက် အသင့်ဖြစ်နေဆဲဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားကို ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သတင်းများရ ရို့စ်ဟာ ပြင်သစ်ကို ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။ အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ အယ်ဒါဝီရယ်လ်ကတော့ စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးပေမယ့် အသင်းမှာ ဆက်လက်ရှိနေဖို့ အသင်းက မျှော်လင့်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က