• ထင်မှတ်မထားတဲ့ ခေါ်ယူမှုတစ်ခုကို ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရီးရဲလ်

ဆယ်လ်တာဗီဂိုရဲ့ အဓိတိုက်စစ်မှူးဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းဖို့ ဆယ်လ်တာဗီဂိုအသင်းရဲ့ တိုက်စစ်မှူး အိုင်အေဂိုအက်စ်ပက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ El Chiringuito de Jugones က ဖော်ပြသွားခဲ့ပါတယ်။ ဒါဟာ ထင်မှတ်မထားတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

image

Photo : AS

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆယ်လ်တာဗီဂိုအတွက် လာလီဂါသွင်းဂိုး (၂၂)ဂိုးအထိ ရရှိခဲ့တဲ့ အက်စ်ပက်စ်ဟာ စပိန်ကစားသမားတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း စပိန် လက်ရွေးစင်အသင်းနဲ့အတူ ရုရှားကမ္ဘာ့ဖလားကို လိုက်ပါခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

image

Photo : AS

 

ဈေးကွက်ပေါက်ဈေးအရ ယူရို ၂၅သန်းဝန်းကျင် တန်ကြေးရှိတဲ့ အက်စ်ပက်စ်ကို ရီးရဲလ်မက်ဒရစ်က စာချုပ်ပါ လျော်ကြေး ယူရိုသန်း ၄၀အထိ ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အက်စ်ပက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယမြောက် ပစ်မှတ်တစ်ခုသာ ဖြစ်ပြီး ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို မခေါ်ယူနိုင်မှသာ ရီးရဲလ်က ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

Photo : AS

 

အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူး ရိုဒရီဂိုကို ရီးရဲလ်က လေးလေးနက်နက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဗလင်စီယာကတော့ သူတို့ရဲ့ ကစားသမားကို ယူရိုသန်း ၁၂၀ရရှိမှသာ ရောင်းချမယ်လို့ ပြောဆိုထားပြီး ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် လာလီဂါသွင်းဂိုး (၁၆)ဂိုး ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါဟာ အက်စ်ပက်စ်ရဲ့နောက် စွမ်းဆောင်ရည်အကောင်းဆုံး ဒုတိယမြောက် စပိန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo : AS

 

လီဗာပူးလ်အသင်းမှာ ကစားခဲ့ဖူးတဲ့ အက်စ်ပက်စ်ဟာ လာလီဂါအတွေ့အကြုံ ရင့်ကျက်နေတဲ့ တိုက်စစ်မှူးဖြစ်ပြီး တစ်ရာသီကို အနည်းဆုံး (၁၅)ဂိုးထိ သွင်းယူနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် စပိန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာတော့ အောင်မြင်ခဲ့ခြင်း မရှိပဲ (၁၄)ပွဲသာ ကစားခဲ့ရပြီး (၅)ပွဲသာ ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က