အသင်းအပေါ်မှာ သစ္စာရှိခဲ့သင့်တယ်လို့ ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ရာဖေးဗန်ဒါဗတ်ဟာ ကြယ်ပွင့်ကစားသမားခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီ လုပ်တဲ့အတိုင်း လိုက်လုပ်ပါစေလို့ ဆုတောင်းမိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာကစားပြီးနောက် ဂျူဗင်တပ်အသင်းကို ယူရို ၁၁၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။



GettyImages-1015655860.jpg

Photos: Soccerladuma

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၉ ရာသီကြာ စံချိန်အများအပြားကို ရိုက်ချိုးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုထက်စာရင် မက်ဆီကို ပိုမိုနှစ်သက်မိကြောင်း ပြောကြားခဲ့ဖူးတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရာဖေးဗန်ဒါဗတ်က ရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပိုပြီး သစ္စာစောင့်သိခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကို မထိန်းသိမ်းနိုင်ရင် အဖွဲ့ချုပ်ဥက္ကဌကို ရာထူးကနေနှုတ်ထွက်စေချင်နေတဲ့ ဆာလာ 

"ခင်ဗျား သိလား။ မက်ဆီက ဘယ်တော့မှ ဘာစီလိုနာအသင်းကို စွန့်ခွာသွားမှာမဟုတ်ဘူး"

"အရိုးသားဆုံးပြောရရင် ရီးရဲမက်ဒရစ်မှာပဲ ရော်နယ်ဒို ဆက်ရှိနေခဲ့သင့်တယ်။ မက်ဆီ လုပ်တဲ့အတိုင်း သူ လိုက်လုပ်ခဲ့သင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: Soccerladuma

 

ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီးရက်ဇ်တို့ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ရာကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ကိစ္စ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ရာသီအစ ၂ ပွဲစလုံးမှာ ပါဝင်ကစားပေးထားပြီး ဂိုးသွင်းယူနိုင်ခြင်းတော့မရှိသေးပါဘူး။

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ အသက်အရွယ်အားဖြင့် မက်ဆီထက် ၂ နှစ်ကျော် ပိုမိုကြီးရင့်သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ဥရောပချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူပေးပြီးနောက်မှာ အောင်မြင်မှုတွေနဲ့ အနိုင်ပိုင်းထွက်ခွာသွားတဲ့ နည်းပြဇီဒန်းရဲ့ ခြေရာအတိုင်း တစ်ထပ်တည်းလိုက်နင်းခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က