• အက်ဒရီယာနိုရဲ့ ကစားသမားဘ၀ ဘာလို့ပျက်စီးခဲ့ရတာလဲ?

ကစားသမားက ထုတ်ဖော်ဝန်ခံပြောဆိုခဲ့တာပါ။

အင်တာမီလန်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အက်ဒရီယာနိုကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် စာရင်းဝင်ခဲ့တဲ့ အက်ဒရီယာနိုဟာ ကစားသမားဘ၀ အကောင်းဆုံးအချိန်မှာပဲ ဆိုးရွားတဲ့ ခြေစွမ်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားသမားဘ၀ ပျက်စီးခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

image

Photo : Be Soccer

 

အင်တာမီလန်ကစားသမားဘ၀ ပြီးဆုံးပြီးနောက်ပိုင်းမှာ အက်ဒရီယာနိုဟာ ရိုးမား၊ ကိုရင်သီယန် နဲ့ ဆော်ပေါ်လိုအသင်းတို့မှာ ကစားသမား ဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လုံးပါးပါးခဲ့ရပါတယ်။ အက်ဒရီယာနို ဘာလို့ ဒီလို ဖြစ်ခဲ့ရတာလဲဆိုတာကိုတော့ အခုလိုပဲ သိရှိခွင့် ရရှိခဲ့ပါတယ်။

ဒီယက်ဇ်အတွက် လိုင်ယွန်အသင်း မထင်မှတ်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ ရီးရဲလ် 

image

Photo : Be Soccer

 

"ကျွန်တော် ခံစားခဲ့ရသမျှကို ကျွန်တော် တစ်ယောက်တည်းပဲ သိပါတယ်၊ ကျွန်တော့် ဖခင်ဆုံးပါးသွားတယ်၊ အရမ်းအထီးကျန်နေခဲ့ရပါတယ်၊ သူသေဆုံးသွားပြီးနောက်ပိုင်းမှာ အရာအားလုံးက အမှားအယွင်းတွေချည်းပဲ ဖြစ်လာခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး နေခဲ့လို့ပါပဲ"

 

"အီတလီမှာ ကျွန်တော် တစ်ယောက်တည်း အထီးကျန်နေခဲ့တာပါ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ရှိလာပြီးနောက် ကျွန်တော် အရက်စသောက်မိပါတယ်၊ အဲဒီအချိန်မှာ ပျော်ရွှင်နေတယ်လို့ ကျွန်တော် ခံစားရတယ်၊ ဒီလိုနဲ့ ညတိုင်းမှာ ကျွန်တော် အရက်သောက်ဖြစ် နေခဲ့ပြီး ဝိုင်၊ ဝီစကီ၊ ဗော့ဒ်ကာ၊ ဘီယာ အကုန်လုံးကို ကျွန်တော် သောက်ခဲ့တာပါ"

Photo : Be Soccer

 

"အင်တာမီလန်က ထွက်ခွာတဲ့အချိန်အထိ အရက်သောက်တာကို မရပ်တန့်နိုင်ခဲ့ပါဘူး၊ ဘယ်လိုမျိုး ရပ်တန့်ပစ်ရမလဲဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး၊ မနက်ပိုင်း လေ့ကျင့်ခန်းသွားတိုင်းမှာ ကျွန်တော်က အရက်သောက်ပြီး ရောက်ရောက်သွားခဲ့ပါတယ်၊ အသင်း ဆေးအဖွဲ့ ဝန်ထမ်းတွေက အမြဲတမ်းကျွန်တော့်ကို လူနာခန်းထဲမှာ အိပ်ဖို့အတွက် ပို့ခဲ့ရပါတယ်"

 

"သူငယ်ချင်းတွေက ပါတီပွဲနဲ့ မိန်းမတွေဆီ ကျွန်တော့်ကို တွန်းပို့ခဲ့ကြပြီး ပြသနာဖြစ်ချိန်မှာတော့ အနားမှာ ဘယ်သူမှ မရှိခဲ့ကြတော့ပါဘူး၊ ဘရာဇီးလ်ကို ပြန်တဲ့အချိန်မှာတော့ ကျွန်တော့်မှာ ပိုက်ဆံတွေ မရှိတော့ပါဘူး၊ ဒါပေမယ့် ပျော်ရွှင်စရာတွေတော့ ရှိလာခဲ့ပါတယ်" လို့ အက်ဒရီယာနိုက သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

Photo : Be Soccer

 

ဒါဟာ လူငယ်ကစားသမားတွေအတွက် သင်ခန်းစာယူသင့်စရာ အဖြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ငွေကြေးကြွယ်ဝချမ်းသာလာတာနဲ့အမျှ အပျော်အပါးဘက်ကို အာရုံရောက်ခဲ့ပြီး ကစားသမားဘ၀ ပျက်စီးခဲ့ရတဲ့ အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရမှုတွေက ဘောလုံးလောကမှာ အများအပြား ရှိခဲ့ပါတယ်။ အက်ဒရီယာနိုကတော့ သူ့ရဲ့အဖြစ်ကနေ သင်ခန်းစာယူစရာဖြစ်အောင် R7 မဂ္ဂဇင်းနဲ့ တွေ့ဆုံမှုမှာ အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က