ယမန်နေ့ညက မိုနာကိုမှာ ကျင်းပပြုလုပ်တဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့် မဲခွဲပွဲနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ဆုပေးပွဲကို ကစားသမားအများအပြားတက်ရောက်ခဲ့ကြပါတယ်။ ဆုပေးအပ်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား အများစုက ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးနောက်ခံကစားသမားဆုရရှိခဲ့တဲ့ ရာမို့စ်နဲ့ပတ်သက်ပြီး လော့ဗ်ရန်ကတော့ မကျေမနပ်ဖြစ်နေတာ တွေ့ရပါတယ်။
Photos: Sky Sport
လီဗာပူးအသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ ဒီဂျန်လော့ဗ်ရန်ဟာ ၂၀၁၇-၂၀၁၈ ရာသီရဲ့အကောင်းဆုံးခံစစ်ကစားသမားဆုကို ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရသွားတဲ့သတင်းကြောင့် မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။ လော့ဗ်ရန်က ၎င်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရဖို့အတွက် ထိုက်တန်သူလို့ အမြဲတမ်းယုံကြည်ခဲ့တာဖြစ်ပါတယ်။
စပါးနဲ့ပွဲအပြီး အင်တာဗျူးမှာ မြန်မာနိုင်ငံအကြောင်း ပြောလိုက်တဲ့ မော်ရင်ဟို
"ကျွန်တော့်ရဲ့ရှုထောင့်ကနေ မြင်တဲ့အမြင်လည်း ရှိပါတယ်။ လူတွေက ပြောနေကြတယ်။ ကျွန်တော့်အတွက် ခက်ခဲတဲ့ရာသီဖြစ်ခဲ့တယ်တဲ့။ ဒါပေမယ့် အဲဒါကို ကျွန်တော်သဘောမတူပါဘူး"
"ကျွန်တော် လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သလို လက်ရွေးစင်အသင်းကိုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လူတွေအနေနဲ့ အဲဒါကို အသိအမှတ်ပြုဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်က ကမ္ဘာပေါ်က အကောင်းဆုံးခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာလည်း အသိအမှတ်ပြုသင့်ပါတယ်။ အဓိပ္ပာယ်မရှိတာတွေ မပြောကြပါနဲ့"လို့ ပြောကြားခဲ့ပါတယ်။
Photos: Sportskeeda
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လော့ဗ်ရန်ဟာ လီဗာပူအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့သလို ခရိုအေးရှားအသင်းအတွက်လည်း အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အဲဒီလို ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာတောင်မှ ပြီးခဲ့တဲ့ရာသီအတွက် အကောင်းဆုံးခံစစ်ကစားသမားဆုကို ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ရာမို့စ်က ရရှိသွားခဲ့တာကြောင့် မကျေမနပ်ဖြစ်နေတာဖြစ်ပါတယ်။
ဥရောပချန်ပီယံလိဂ်ရဲ့တရားဝင် အင်စတာဂရမ်အကောင့်ကနေ ဆုရရှိတဲ့ ကစားသမားတွေကို ကြေညာခဲ့ချိန်မှာ လော့ဗ်ရန်က ၎င်းရင်ထဲက ခံစားချက်ကို ရှင်းရှင်းလင်းလင်း လူတွေအားလုံးသိအောင် ချန်ပီယံလိဂ်ရဲ့အင်စတာဂရမ်ပို့စ်အောက်မှာ မှတ်ချက်ဝင်ရောက်ရေးသားခဲ့တာဖြစ်ပါတယ်။ လော့ဗ်ရန်ရဲ့မှတ်ချက်ဟာ မကြာမီအချိန်အတွင်းမှာပဲ ဖျက်ခံလိုက်ရပေမယ့် ပရိသတ်တွေကတော့ Screenshot ရိုက်ယူထားနိုင်ခဲ့တဲ့အတွက် လော့ဗ်ရန်ရဲ့မှတ်ချက်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။