• နောက်ဆုံးရ နံနက်ခင်းသတင်းများ

ထူးခြားသတင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

image
 

- နာပိုလီအသင်းရဲ့ နောက်ခံကစားသမား ကူလီဘလီဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီလို့ နာပိုလီအသင်းက အတည်ပြုပေးခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကူလီဘလီဟာ စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ နာပိုလီအသင်းနဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရှိနေတော့မှာဖြစ်ပါတယ်။

image
 

- ဘာစီလိုနာအသင်းကနေ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားတဲ့ ယယ်ရီမီနာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခဲ့တဲ့အကြောင်းအရင်းဟာ နည်းပြ မော်ရင်ဟိုက ၎င်းကို ဖုန်းခေါ်ဆိုခဲ့ခြင်းမရှိတဲ့အတွက်ဖြစ်တယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။ အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ယယ်ရီမီနာဆီ ဖုန်းဆက်သွယ်ပြီး စကားပြောကြားခဲ့တဲ့အတွက် အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

 

- မန်ချက်စတာစီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ Don Balon က ရေးသားထားပါတယ်။ အဆိုပါ စပိန်သတင်းဌာနရဲ့ရေးသားချက်အရ ပရီးမီးယားလိဂ်ချန်ပီယံရဲ့စိတ်ဝင်စားမှုဟာ ဘာစီလိုနာအသင်းအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်လာခဲ့ပေမယ့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုကို မခေါ်ယူဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက ခရစ်စတီယာနိုရော်နယ်ဒိုကို ယခုနွေရာသီမှာ မခေါ်ယူသေးဖို့ ပြောကြားခဲ့တာလို့ Mirror က ရေးသားထားပါတယ်။ မော်ရင်ဟိုုဟာ ခရစ်စတီယာနိုရော်နယ်ဒိုအတွက် ပေါင်သန်း ၉၀ ခန့်အသုံးပြုမယ့်အစား နောက်ခံကြယ်ပွင့်ကစားသမားတစ်ဦးကို ခေါ်ယူလိုခဲ့တာဖြစ်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းဟာ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းက တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းလာမှုကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းက လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ ဟယ်ရီကိန်းနဲ့အစားထိုးမှာ စိတ်ပူနေတာလို့ Don Balon က ရေးသားထားပါတယ်။

Share

Loading Next Article...
က္က