ဂိုးသွင်းခွင့်ရခဲ့ပေမယ့် လွဲချော်နေခဲ့တာပါ။

ယနေ့နံနက် ၁ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပါးမားအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် ဂိုးတွေကို မန်ဇူကစ်နဲ့ မတွီဒီတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ကြယ်ပွင့်တိိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။



 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ရာသီအစ ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသေးဘဲ လာမယ့် ဆာဆူလိုအသင်းနဲ့ပွဲစဉ်မှာတော့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ ရော်နယ်ဒိုဟာ ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့အတွက် အချိန်သိပ်မယူရဘူးဆိုတာကို ဂျူဗင်တပ်ယူ -၂၃ နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီး ပြသခဲ့ပြီးဖြစ်ပါတယ်။

 

ရော်နယ်ဒို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဂျူဗင်တပ်အသင်းဟာ ရာသီအစ ၃ ပွဲစလုံးမှာ အနိုင်ရရှိထားတာကို ကြည့််ခြင်းအားဖြင့် ရော်နယ်ဒို ပွဲထွက်ကစားသမားစာရင်းမှာပါဝင်နေမှုက ပြိုင်ဘက်တွေအတွက် အဟန့်အတားတစ်ခုဖြစ်စေခဲ့တယ်ဆိုတာကို မြင်နိုင်ပါတယ်။

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပါးမားအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူခွင့် ၃ ကြိမ်ခန့် ရရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ လွဲချော်ခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ ဆာဆူလိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး ရော်နယ်ဒိုကတော့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

မန်စီးတီးနဲ့လီဗာပူးအသင်းတို့လို တိုက်စစ်ဘာလို့မကစားနိုင်တာလဲဆိုတာ ပြောပြခဲ့တဲ့ မော်ရင်ဟို 

စီးရီးအေရာသီအစ ပွဲစဉ် ၃ ပွဲမှာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဂိုးသွင်းဖို့ ကြိုးပမ်းမှု ၂၃ ကြိမ်အထိ ရှိခဲ့ပြီး ယင်းအကြိမ်ရေဟာ ဥရောထိပ်သီးလိဂ် ၅ ခုမှာ အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်နေတာဖြစ်ပြီး ရော်နယ်ဒိုရဲ့နောက်မှာတော့ နန့်တက်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ဗယ်လန်တင်ရွန်ဂီးရားက ၁၅ ကြိမ်နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က