လူတိုင်းလူတိုင်းဟာ ဘောလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖတ်ရှုရတာ နှစ်သက်ကြပါတယ်။ တကယ့်ကို ထူးခြားတဲ့အချက်အလက်တွေကသာ ဖတ်ရှုသူကို ပျော်ရွှင်မှု၊ စိတ်ဝင်စားမှုတွေကို ပေးစွမ်းနိုင်တာဖြစ်ပြီး သင်လည်း အခုဖော်ပြမယ့်အချက်တွေကို စိတ်ဝင်စားမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။
(၆) ပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုးစည်းနည်းပညာနဲ့ရရှိခဲ့တဲ့သွင်းဂိုး

Photos: 101greatgoals
ပရီးမီးယားလိဂ်ရဲ့ပထမဆုံး ဂိုးစည်းနည်းပညာနဲ့ ပြန်လည်ကြည့်ရှုပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တဲ့သွင်းဂိုးကို သွင်းယူခဲ့တဲ့သူက မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အီဒင်ဒီဇီကိုဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ကာဒစ်အသင်းနဲ့ပွဲစဉ် ပထမပိုင်း ၁၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
(၅) ကစားသမားဘဝတစ်လျှောက် ပြည်တွင်းလိဂ်ပွဲစဉ်အများဆုံး ကစားပေးခဲ့တဲ့ ကစားသမား
Photos: Football365
ပြည်တွင်းလိဂ်ပွဲစဉ်အများဆုံး ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားကတော့ အင်္ဂလန်အသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး ပီတာရှီလ်တန်ဖြစ်ပြီး ၁၉၆၆ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ စုစုပေါင်း ၁၀၀၅ ပွဲ(ပထမတန်းပွဲစဉ်အပါအဝင်)ပါဝင်ကစားပေးခဲ့ပါတယ်။
(၄) ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ အသင်းတစ်သင်းတည်းအတွက် ပွဲအများဆုံး ပါဝင်ကစားပေးခဲ့တဲ့ ကစားသမား
Photos: Mirror
ဒီအဖြေကိုတော့ အားလုံးမဟုတ်ရင်တောင် တော်တော်များများ သိနေကြမှာပါ။ အသင်းတစ်သင်းတည်းအတွက် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ၆၇၂ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်တောင်ပံကစားသမား ရိုင်ယန်ဂစ်ပဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၉၉၁ ခုနှစ်ကနေ ၂၀၁၄ မေလအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ မာတစ်
(၃) အင်္ဂလန်လိဂ်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံးကစားသမား
အင်္ဂလန်လိဂ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးကစားသမားအဖြစ် နေးလ်မက်ဘိန်းက ၅၁ နှစ်နဲ့ ရက် ၂၀ အရွယ်အထိ ကစားပေးပြီး စံချိန်တင်ထားပါတယ်။ နေးလ်မက်ဘန်းဟာ ၁၉၁၄ ခုနှစ်မှာ ကစားသမားဘဝစတင်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ နယူးဘရိုက်တန်အသင်းအတွက် ၁ ပွဲကစားပြီး အနားယူခဲ့တာဖြစ်ပါတယ်။
(၂) အသက်အငယ်ဆုံး ဟက်ထရစ်ဂိုးသွင်းရှင်
ဘောလုံးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဟက်ထရစ်ဂိုးသွင်းရှင်ကတော့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဟောင်း ထရီဗာဖရန်စစ်ပဲဖြစ်ပါတယ်။ ဟက်ထရစ်သွင်းဂိုးကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဘော်လ်တန်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ ဘာမင်ဂမ်စီးတီးအသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ယင်းအချိန်တုန်းက ဖရန်စစ်ဟာ ၁၆ နှစ်နဲ့ ၃၁၇ ရက်သာ ရှိသေးတာဖြစ်ပါတယ်။
(၁) လိဂ်အိမ်ကွင်းပွဲစဉ်အများဆုံး ရှုံးပွဲမတွေ့အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့အသင်း
ဘောလုံးအသင်းတစ်သင်းက ၄ နှစ်ကျော်ကြာအောင် အိမ်ကွင်းရှုံးပွဲမတွေ့အောင် ကစားထားနိုင်တယ်ဆိုတာ ထူးဆန်းပြီး ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါ။ ပရိသတ်တွေလည်း သိခဲ့ကြတဲ့အတိုင်းပဲ ၂၀၀၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ ချယ်ဆီးအသင်းဟာ ၈၆ ပွဲ ရှုံးပွဲမရှိ စံချိန်ကို ရရှိခဲ့ပါတယ်။