• ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သတင်းထွက်နေတဲ့ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ ဆွာရက်ဇ်

မန်ယူနဲ့အတူ ဖလားတွေကို ပိုုရယူလိုနေတယ်လို့ ပြောခဲ့တာပါ။
[Zawgyi Version]

ဘာစီလိုနာအသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဒီထက်ပိုပြီး ဆုဖလားတွေကို ရရှိဖို့ စိန်ခေါ်မှုတွေ ပြုလုပ်လိုတဲ့ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပြီး နူးကမ့်က ပေါ့ဂ်ဘာကို ကြိုဆိုနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိခဲ့တဲ့ ၂ နှစ်အတွင်းမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရသလို အကြောင်းအမျိုးမျိုးကြောင့် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ နည်းပြမော်ရင်ဟိုနဲ့လည်း ဆိုးရွားတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့သတင်းတွေကို ဖြေရှင်းလိုက်တဲ့ စတုဂတ်ကြယ်ပွင့် ပါဗက် 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ချန်ပီယံဖြစ်အောင် အထင်ကြီးလေးစားဖွယ်ရာ ခြေစွမ်းနဲ့ ကူညီခဲ့ပြီးနောက် ပေါ့ဂ်ဘာဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ စပိန်အပြောင်းအရွှေ့ဈေးကွက်ဟာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ပေါ့ဂ်ဘာကလည်း အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

"ပေါ့ဂ်ဘာက မန်ချက်စတာယူနိုက်တက်အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရည်အသွေးတွေ အများကြီးရှိတဲ့ကစားသမားတစ်ယောက်ပါ"

"သူ အခုရရှိထားတာထက် ပိုပြီး ရရှိဖို့အတွက် သူ ယှဉ်ပြိုင်ချင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဘာစီလိုနာနဲ့သက်ဆိုင်တဲ့ ကစားသမားမဟုတ်ပါဘူး။ ဒါပေမယ့် အရည်အသွေးမြင့်ကစားသမားတွေကို ဘာစီလိုနာအသင်းက ကြိုဆိုနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာလည်း ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ဘဲ အက်သလက်တီကိုမက်ဒရစ်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...