တီဗွီသတင်းထဲမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့နည်းပြ မူရီဇီယိုဆာရီဟာ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာကို တီဗွီသတင်းထဲမှာ ကြေညာတော့မှ သိလိုက်ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆာရီဟာ ယခုနွေရာသီမှာ နာပိုလီအသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့သူဖြစ်ပြီး နာပိုလီအသင်းနဲ့ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

4FCDFF6000000578-6141205-image-a-43_1536276622704.jpg

Photos: Daily Mail

မူရီဇီယိုဆာရီဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အများဆုံးရမှတ်အထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ဂျူဗင်တပ်အသင်းကို မယှဉ်နိုင်ခဲ့တာကြောင့်သာ ဆုဖလားတစ်လုံးမှ မရရှိခဲ့တာဖြစ်ပါတယ်။ ဆာရီဟာ တစ်ခါတလေမှာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နာပိုလီအသင်းကို ပြောဆိုခဲ့ပေမယ့် နာပိုလီအသင်းက ဆာရီကို အသိမပေးဘဲ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ချီလီနဲ့ ဂျပန်တို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်ကို ဂျပန်ဘောလုံးအဖွဲ့ချုပ်ဘက်က ဖျက်သိမ်း 

ယင်းနောက်မှာတော့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း ၂ နှစ်အတွက် ရစရာရှိတဲ့ လစာကြွေးကျန်တွေကို ဆာရီက တရားရုံးကနေတစ်ဆင့် အချိန်အတော်ကြာတောင်းဆိုခဲ့ပြီးနောက် အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

"အမှန်ပါပဲ။ ကျွန်တော်က နာပိုလီအသင်းနည်းပြမဟုတ်တော့ဘူးဆိုတာကို တီဗွီမှာ မြင်ခဲ့ရတာပါ"

Photos: Daily Mail

 

"ကျွန်တော် ယုံမှားသံသယတော့ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက မျှတပါတယ်။ စာချုပ်ထဲမှာလည်း ရာထူးကနေထုတ်ပယ်ရင် လက်ကျန်သက်တမ်းအတွက် လစာပေးချေရမယ်ဆိုတဲ့ အချက်က ပါမှမပါတာ။ ဒါပေမယ့် အဲဒါက ကျွန်တော်သူတို့ကို တောင်းဆိုခဲ့တဲ့ တစ်စုံတခုမဟုတ်ပါဘူး။ အဲဒီအစီအစဉ်က လေးစားစရာမဟုတ်ပါဘူး။ အခု အန်ဆယ်လော့တီအနေနဲ့ ကျွန်တော် အနီးစပ်ဆုံးရောက်ခဲ့တဲ့နေရာကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်"

မူရီဇီယိုဆာရီဟာ အကြောင်းပြချက်မဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ နာပိုလီအသင်းဥက္ကဌ အော်ရယ်လီယိုလော်ရန်းတစ်ကို ပြီးခဲ့တဲ့လတွေက လူသိရှင်ကြား ဝေဖန်ခဲ့ပါသေးတယ်။

"သူက ကျေးဇူးရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက နာပိုလီအသင်းကို ကိုင်တွယ်ဖို့အခွင့်အရေး ကျွန်တော့်ကို ပေးခဲ့တာလေ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က