• UEFA အကောင်းဆုံးကစားသမားဆုစာရင်းတွင် မက်ဆီ အဆင့်(၅)သာ ရရှိ

ဂရစ်မန်းဇ်ရဲ့ နောက်မှာသာ ရပ်တည်ခဲ့ရတာပါ။

UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံးအဆင့် ဆန်ခါတင် (၃)ဦးစာရင်းနဲ့ လွဲချော်ခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အဆိုပါဆုအတွက် မဲပေးရွေးချယ်မှုမှာ အဆင့် (၅)နေရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆန်ခါတင် နောက်ဆုံး (၃)ဦးအဖြစ် ရော်နယ်ဒို၊ မိုဒရစ် နဲ့ ဆာလာတို့က ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

image
 

ဆန်ခါတင် (၃)ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ကစားသမားတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကလပ်အသင်းတွေအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့သူများ ဖြစ်သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ပါဝင်ကစားခဲ့သူများလည်း ဖြစ်ပါတယ်။ မက်ဆီကတော့ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့ပြီး ရိုးမားကို အံ့ဖွယ်ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။

အလွန်ဆိုအတွက် အပြိုင်အဆိုင်ဖြစ်နေကြပြန်တဲ့ရီးရဲလ်နဲ့အက်သလက် 

 

ဘာစီလိုနာနဲ့အတူ စပိန်လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ မက်ဆီဟာ အက်သလက်တီကိုနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်မန်းဇ်ရဲ့နောက် နံပါတ် (၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီယိုဂရစ်မန်းဇ်ကတော့ မဲအရေအတွက် စုစုပေါင်း (၁၇)မဲထိ မက်ဆီထက် အသာစီးရရှိခဲ့တာ ဖြစ်ပါတယ်။

 

မက်ဆီအနေနဲ့ (၃)နှစ်ဆက်တိုက် UEFA ရဲ့ အကောင်းဆုံးကစားသမားဆု နောက်ဆုံးဆန်ခါတင်အဆင့်နဲ့ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဝင် အသင်းတွေရဲ့ နည်းပြ (၈၀)ဦး နဲ့ ဂျာနယ်လစ် (၅၅)ဦးတို့က မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး စိတ်ကြိုက် အဖြစ်ဆုံး ကစားသမားအတွက် (၅)မှတ်၊ ဒုတိယအတွက် (၃)မှတ် နဲ့ တတိယအတွက် (၁)မှတ်စီ ပေးပြီး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

 

ကိုင်လီဘတ်ပီ၊ ကီဗင်ဒီဘရိုင်း၊ ဗာရာနီ၊ ဟာဇက် နဲ့ ဆာဂျီယိုရာမို့စ်တို့က မက်ဆီရဲ့ နောက်မှာ အစဉ်လိုက် ရပ်တည်ပြီး အကောင်းဆုံးကစားသမားဆု (၁၀)ဦး စာရင်းဝင်ခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ ထိပ်ဆုံး (၁၀)ဦး စာရင်းမှာ ဂိုးသမားတစ်ဦးမှ ပါဝင်လာခဲ့ခြင်းမရှိပဲ တိုက်စစ်အားသန်ကစားသမားအများစုက ဆုရွေးချယ်မှုကို လွှမ်းမိုးနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က