အသင်း ၄ သင်းစလုံး ရမှတ် ၄ မှတ်စီတူညီနေပေမယ့် မြန်မာက ပေးဂိုး တစ်ဂိုး ပိုများခဲ့လို့ အုပ်စုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

အာရှအင်အားကြီး အီရန်ကို ၂ ဂိုးပြတ်အနိုင်ယူခဲ့ပေမယ့် မြောက်ကိုရီးယားက ဆော်ဒီကို ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့လို့ ပေးဂိုး တစ်ဂိုး ပိုနေတာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။



 

၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအသင်းက မြောက်ကိုရီးယား၊ဆော်ဒီ၊အီရန်တို့ဆိုတဲ့ အာရှအင်အားကြီးအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။

အင်္ဂလန်မြေမှာ တောက်ပနေတဲ့ အာဆီယံ ကြယ်ပွင့်(သို့)အီသာရွိုဒ် 

ပြိုင်ပွဲမစခင်မှာ မြန်မာအသင်းအတွက် နောက်တစ်ဆင့်တက်ရေး ခက်ခဲဖို့များနေပြီး အတွေ့အကြုံတစ်ခုတည်းကို ဦးတည် ကစားရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

 

ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အများထင်ထားသလိုမဟုတ်ပဲ အမြင့်ဆုံးမှာ ရှိနေခဲ့တာကို အားလုံး တွေ့မြင်ခဲ့ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကစားတဲ့ အီရန်အသင်းဆိုတာ လက်ရှိ အာရှအားကစားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမား အချို့ကိုလည်း ပြန်လည်ခေါ်ယူလာတဲ့ အသင်းဖြစ်ပါတယ်။

 

မြန်မာအသင်းနည်းပြချုပ်အနေနဲ့ ဒီပွဲမှာ အသင်းခေါင်းဆောင် ဇော်မင်းထွန်းအစားလူငယ်ကစားသမား စိုးမိုးကျော်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း ရန်နိုင်ဦးကို ချန်လှပ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမယ့် မြန်မာက အီရန်ကို တစ်ပွဲလုံးနီးပါး ဖိအားပေးကစားနေခဲ့တာကို တွေ့မြင်ရမှာဖြစ်ပြီး အကြောင်းက တော့ မြန်မာက နိုင်မှ တက်မှာ ဖြစ်သလို အီရန်ကလည်း အုပ်စုဒုတိယကိုသာမျှော်ကိုးခဲ့တာကို တွေ့ရပါတယ်။

 

အုပ်စုပထမသာရခဲ့ရင် အုပ်စု ကျရောက်မှုအရ လက်ရှိချန်ပီယံ တောင်ကိုရီးယားနဲ့ တွေ့ဆုံဖို့ရှိနေပြီး အုပ်စု ဒုတိယနဲ့သာ တက်ခဲ့မ်ဆိုရင် နောက် တစ်ဆင့်မှာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့တွေ့ရမှာ ဖြစ်တာကြောင့် အီရန်အသင်း ခြေကို ထိန်းကစားခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း မြန်မာအသင်း ကောင်းကောင်းဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်အရောက်မှာတော့ ကွင်းလယ်ကစားသမား လွင်မိုး အောင်က အီရန်ဂိုးသမားပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို အပိုင်ပိတ်သွင်းပြီး အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

 

ဦးဆောင်ဂိုးရလို့ မြန်မာစိတ်ဓာတ်ပိုမြှင့်လာခဲ့ပြီး ဂိုးသွင်းခဲ့တဲ့ လွင်မိုးအောင်အစား နောက်ခံလူ တစ်ဦးဖြစ်တဲ့ ထက်ဖြိုးဝေကို လူစားလဲခဲ့ပါတယ်။

လူစားလဲခဲ့တာ မှန်တယ်လို့ဆိုရမှာ ဖြစ်ပြီး အဆိုပါကစားကပဲ နောက်ထပ် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာကြေင့် မြန်မာအသင်း ၂ ဂိုးပြတ်ဦး ဆောင်နိုင်ခဲ့ပါတယ်။

မြန်မာအသင်း ၂ ဂိုးပြတ်နိုင်လို့ နောက်တစ်ဆင့်တက်ပြီလို့ ယူဆထားပေမယ့် တစ်ဖက်ပွဲမှာ မြောက်ကိုရီးယားက ဆော်ဒီကို ၃ ဂိုးပြတ်နိုင်နေလို့ နောက်ခံလူ နန္ဒကျော်အစား တိုက်စစ်မှူး ဒွေးကိုကိုချစ်ကို အစားထိုးကာ တိုက်စစ်ထပ်မြှင့်ခဲ့ရပြန်ပါတယ်။

ဒွေးကိုကိုချစ် ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့ ဂိုးသမားကို ကျော်ပြီး ကန်သွင်းယူခဲ့ရာမှာတော့ ဂိုးဘားတန်းထိခဲ့လို့ မြန်မာအသင်း များစွာ နစ်နာခဲ့ရပြီး ပွဲပြီးချိန်မှာ ၂ ဂိုး ဂိုးမရှိနဲ့သာ ပြီးခဲ့လို့ အုပ်စုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ ၃ ပွဲ ကစား တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ကာ ရမှတ် ၄ မှတ်ရခဲ့ပေမယ့်လည်း ပေးဂိုး တစ်ဂိုး ပိုများခဲ့လို့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အခုလို အာရှအင်အားကြီးအသင်းကို အနိုင်ရခဲ့တာကတော့ လွန်ခဲ့တဲ့ ၅၂ နှစ်အလွန် ၁၉၆၆ အာရှပြိုင်ပွဲ ဗိုလ်လုပွဲတုန်းက မြန်မာအသင်းက အီရန် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အာရှချန်ပီယံ ဖြစ်ခဲ့တာကိုတော့ အမှတ်ရမိစေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က