အီရန်ကို ၂-၀ ဂိုးပြတ်နိုင်ခဲ့လို့ မြန်မာပရိသတ်အားလုံး ဝမ်းသာနေခဲ့ပေမယ့် ကံမကောင်းစွာပဲ မြန်မာအသင်းက ရမှတ် ၄ မှတ်ရပြီး အုပ်စုက လှည့်ပြန်ရတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့ပါတယ်။
Photo - MFF
မြန်မာ ယူ-၂၃ အသင်းကို ဂျာမန် လူမျိုးနည်ပြ အန်တွန်နီဟေးနဲ့ လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ရည်ရွယ်ပြီး အခုကတည်းက စုစည်း ပြင် ဆင်မှုတွေ ပြုလုပ်နေပါတယ်။
အာရှအင်အားကြီး အီရန်ကို ဂိုးပြတ်နိုင်ပေမယ့် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မြန်မာ
မြန်မာ ယူ-၂၃ အသင်းကို နည်းပြသစ် အန်တွန်နီဟေး စိတ်ကြိုက် ဖွဲ့စည်းခဲ့ပြီး မျက်နှာသစ် ကစားသမားများစွာကိုလည်း ပရိသတ်တွေ မြင် တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။
Photo - MFF
လက်ရှိမှာတော့ ယူ-၂၃ အသင်းဆိုပြီး အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ပွဲကစား တစ်ပွဲနိုင်၊တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၄ မှတ်ရရှိပြီး းအံ့အားသင့်ဖွယ် အုပ်စုက ထွက်ခဲ့ရပါတယ်။
ဒီပွဲမတိုင်ခင် အန်တွန်နီဟေးက ပထမဆုံး ပွဲစဉ်အဖြစ် တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲစတင်ကစားခဲ့ရပြီးလက်ရွေးစင်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။
Photo - MFF
အဲ့နောက် ယူ-၂၃ အသင်းကို ဆက်လက်ဖွဲ့စည်းပြီး Alpine Cup 2018 ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ကစားစေခဲ့ပြန်ပါတယ်။ မြန်မာကစားသမား တွေအနေနဲ့ လက်ရွေးစင်အသင်းမှာလည်း ပါဝင်သလို ယူ-၂၃ အသင်းမှာ ပြန်လည်ပါဝင်တဲ့ ကစားသမားကအများစုရှိနေပြီး အသင်းနှစ်သင်း ကြားမှာ ကစားသမားအနည်းငယ်သာ အပြောင်းအလဲ ပြုလုပ်ခဲ့တာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။
အကြောင်းကတော့ ကစားသမား ရှားပါးတဲ့ ပြဿနာကို မြန်မာနေရှင်နယ်လိဂ်မှာ ကြုံတွေ့နေရတာ ဖြစ်ပြီး လက်ရှိ ယူ-၂၃ အသင်းကိုသာ ပြန် လည် အခြေခံပြီး လာမယ့် ဆူဇူကီးပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
Photo - MFF
လက်ရှိ ယူ-၂၃ အသင်းအနေနဲ့ ဆူဇူကီးအတွက် ကာတာမှာ သွားရောက်မလေ့ကျင့်ခင် အချိန်အတောအတွင်းမှာတော့ Alpine Cup 2018 ပြိုင်ပွဲမှာ တောင်ကိုရီးယား ယူ၁၉ အသင်းကို ၄-၃ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ဘာရိန်း ယူ-၂၃ အသင်းကို တစ်ဂိုးစီ သရေကစားခဲ့ပါတယ်။ အဲ့နောက် အာဆီယံဒေသတွင်း အင်အားကြီးပြိုင်ဖက် ထိုင်း ယူ-၂၃ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဒုတိယငွေတံဆိပ်ရရှိခဲ့ပါတယ်။
အဲ့နောက် အာရှအားကစားပြိုင်ပွဲကို ဆက်လက်ဝင်ပြိုင်ခဲ့ပြီး မြောက်ကိုရီးယားကို တစ်ဂိုးစီသရေ၊ဆော်ဒီကိုတော့ ခြေရည်တူ ကစားနိုင်ပေမယ့် လည်း ပင်နယ်တီပေးဂိုးတွေ များခဲ့လို့ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲမှာတော့ ဒီအာရှအားကစားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ခြေဆန့်နေတဲ့ အီရန် အသင်း ကို ၂-၀ ဂိုးနဲ့ ခြေစွမ်းအသာစီးကစားပြီး အနိုင်ယူပြခဲ့ပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေ မြန်မာအသင်းကို ဝိုင်းဝန်းချီးကျူးနေကြသလို အားပေးမှုတွေလည်းများစွာ မြင့်တက်လာ တာကိုတွေ့မြင်ရပါတယ်။
ဒါပေမယ့် အီရန်အသင်းက မြန်မာအသင်းကို သူတင်ကိုယ်တင် ကစားသွားခြင်းလုံးဝမရှိခဲ့သလို မြောက်ကိုရီးယားအသင်းနဲ့ ပွဲစဉ်တုန်းက တောက်လျှောက်လက်စွမ်းပြခဲ့တဲ့ ကျော်ဇင်ထက်လည်း တစ်ဂိုးမှ သေချာ ကာကွယ်ရခြင်းမရှိတာကိုတော့ သတိပြုဖွယ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါဆို နာမည်ကြီး အီရန်အသင်းက မြန်မာအသင်းကို တစ်ကယ်ပဲ မယှဉ်နိုင်ခဲ့တာလား? မြန်မာအသင်းကပဲ အရမ်းကောင်းခဲ့တာလားဆိုတာ မေး ခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
မြန်မာနဲ့ အီရန်တွေ့ဆုံချိန်မှာ နှစ်သင်းစလုံးရဲ့ အခွင့်အရေးကို အရင်ဆုံး တွက်ဆကြည့်ဖို့လိုပါတယ်။ မြန်မာအသင်းအနေနဲ့ တစ်မှတ်တည်းရ ထားလို့ နောက်တစ်ဆင့်အတွက် မဖြစ်မနေ အနိုုင်ကစားဖို့ လိုနေတာကြောင့်ဒီပွဲမှာ မြန်မာအသင်း ခြေကုန်ထုတ်ကစားပြီး အနိုင်ယူမယ်ဆိုတာ ရှင်းပါတယ်။
မရှင်းတာက အီရန်အသင်းဖက်က ဖြစ်ပါတယ်။အီရန်အသင်းက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေကျထားလို့ ၄ မှတ်ရထားပြီး နောက်တစ် ဆင့်အတွက်သေချာနေပေမယ့် နောက်တစ်ဆင့်ကို အုပ်စု ပထမနဲ့ တက်ရောက်ခဲ့မယ်ဆိုရင် အုပ်စု ခွဲဝေထားမှု အရ တစ်ဖက်အုပ်စုက အုပ်စု ဒု တိယရတဲ့ တောင်ကိုရီးယားနဲ့ သေချာပေါက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဘောလုံး နည်းဗျူဟာအရ ဘယ်အသင်းမှ လက်ရှိချန်ပီယံ အသင်းနဲ့ အခုလို စောလွန်းသေးတဲ့ အချိန်မှာ အခွင့်အရေးရရင် မတွေ့အောင်ရှောင် ကြမှာပါ။ ဒါကြောင့် အီရန်အသင်းက တစ်ဖက်က မြော်ကိုရီးယား- ဆော်ဒီပွဲကို ချင့်ချိန်ပြီး ပွဲကိုထိန်းကစားခဲ့တယ်လို့ ယူဆရပါမယ်။
အဲ့မှာပဲ မြန်မာအသင်းက ဦးဆောင်ဂိုးတွေ ဆက်တိုက်ရခဲ့ပြီး ၂ဂိုးပြတ်နဲ့ ဦးဆောင်နေလို့ မြန်မာအသင်း နောက်တစ်ဆင့် တက်ပြီလို့ ထင်ရပေ မယ့် တစ်ဖက်မှာ မြောက်ကိုရီးယားက ဆော်ဒီကို ၃ ဂိုးပြတ် ဦးဆောင်နေလို့ မြန်မာအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေ နောက် ထပ်တစ်ဂိုး ရအောင်ယူဖို့လိုခဲ့ပါတယ်။
မြန်မာအသင်းသာ နောက်ထပ်တစ်ဂိုးရခဲ့မယ်ဆိုရင် သေချာပေါက်တက်မှာ ဖြစ်ပေမယ့် အီရန်အသင်းက မြန်မာမဖြစ်မနေ အရယူရမယ့် နောက် ထပ်တစ်ဂိုးကိုတော့ အခွင့်မပေးခဲ့ပါဘူး။
ဘယ်သူမှ မထင်မှတ်ခဲ့တဲ့ အရာကတော့ မြောက်ကိုရီးယားအသင်းက ဆော်ဒီကို ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့မယ်ဆိုတာပါပဲ၊ဒါကြောင့် မြောက်ကိုရီးယား ရဲ့ အနိုင်က အီရန်ရော မြန်မာရော ထင်မှတ်မထားခဲ့တဲ့ အခြေအနေတစ်ရပ် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
မူလက အီရန်အနေနဲ့ မြန်မာကိုရှုံးပြီးဆော်ဒီက မြောက်ကိုရီးယားကို သရေ (သို့) အနိုင်ရခဲ့ရင်ဆော်ဒီက အုပ်စုဗိုလ်၊အီရန်က အုပ်စုဒု၊မြန်မာက အကောင်းဆုံး အုပ်စု တတိယနဲ့ နောက်တစ်ဆင့်ကို အသီးသီးတက်ရောက်ကြမှာပါ။
ဒါကြောင့်လည်း တောင်ကိုရီးယားလို လက်ရှိချန်ပီယံကိုရှောင်ဖို့ အီရန် အကွက်ချကစားခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အခွင့် အရေးတွေ ရပေမယ့်လည်း နောက်ဆုံး အခွင့်အရေးဖြစ်ခဲ့တဲ့ ဒွေးကိုကိုချစ်ရဲ့ ဂိုး ဂိုးဘားတန်းထိ ပြန်ထွက်ခဲ့တာက ကံကြမ္မာကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
အီရန်ကတော့ မြန်မာကို ထိန်းကစားရင်း သူတို့လိုချင်တဲ့ အုပ်စုဒုတိယနေရာကို အရယူဖို့ ကြံရွယ်ခဲ့ပေမယ့် တစ်ဖက်က ပြောင်းပြန်ရလဒ် ကြောင့် နောက်ဆုံးမှာ မြန်မာကို နောက်တစ်ဂိုးမပေးရဖို့ အသည်းအသန် ပိတ်ဆို့ ကစားရင်း ကိုယ့်အတက်ကိုယ်ဆူးသလို နောက်ဆုံးကျတော့ လည်း ဂိုးကွာခြားချက်အရ အုပ်စုဗိုလ်နဲ့သာ နောက်တစ်ဆင့်တက်ပြီး တောင်ကိုရီးယားနဲ့ ဆုံခဲ့ရပါပြီ။
မြောက်ကိုရီးယားကတော့ အုပ်စုဒုတိယနဲ့ တက်သွားလို့ တစ်ဖက်က ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ တွေ့ရမှာ ဖြစ်ပြီး ဆော်ဒီကတော့ တရုတ်အသင်း နဲ့ တွေ့ဆုံနေခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းများစွာ တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုတွေက အသင်းရဲ့ ရလဒ်ကို သိသိသာသာပြောင်းလဲနိုင်စွမ်းမရှိသေးတာကိုလည်း သတိပြုရပါဦးမယ်။
လာမယ့်ဆူဇူကီးမတိုင်ခင် ကာတာ ခြေစမ်းခရီးစဉ်မှာ ယခုထက်ပိုတဲ့ လေ့ကျင့်မှု၊အတွေ့အကြုံနဲ့ ရလဒ်ပိုင်းတွေ တိုးတက်လာဖို့ မျှော်လင့်ရင်း ဆူဇူကီးကြရင် ပြန်လည်ဆုံတွေ့ကြပါဦးစို့......။
Share