ဝူရှုးနဲ့အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားနည်းတွေမှာသာ တတိယ ကြေးတံဆိပ်ဆုတစ်ခုစီ ရယူနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အားကစားအဖွဲ့ ၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေမယ့်လည်း ကြေးတံဆိပ် ၂ ခုသာ ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်က ကြေးတံဆိပ် ၂ ခုတည်းရရှိမှုအပြီး အနိမ့်ဆုံး ဆုတံဆိပ် ရရှိမှု ဖြစ်ပါတယ်။



 

မြန်မာနိုင်ငံ အားကစားအဖွဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ အာရှအားကစားပြိုင်ပွဲကို  မြားပစ်၊ လှေလှော် (ကနူး/ကယက် + အပြည်ပြည်ဆိုင်ရာလှေ + ရိုးရာလှေ)၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် ဝူရှူး အားကစားနည်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း အားကစားအဖွဲ့ အကုန်လုံးပေါင်းမှ ဆုတံဆိပ် ၂ ခုသာ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီအားကစားပွဲတော်ကို အားကစားနည်း ၈ မျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ဝူရှုးအားကစားနည်းမှ အမျိုးသားဝူရှူးထောက်လုပြိုင်ပွဲ ထိုက်ချိချွမ် + ထိုက်ချိကျန့်ပွဲစဉ်မှ ငြိမ်းချမ်းကိုကို၏ ကြေးတံဆိပ်နှင့် အမျိုးသမီး ပိုက်ကျော်ခြင်း သုံးယောက်တွဲအသင်းလိုက်ပွဲစဉ်မှ ရရှိခဲ့သော ကြေးတံဆိပ်၊ စုစုပေါင်း ကြေးတံဆိပ်(၂)ခုသာ ရရှိခဲ့ပါတယ်။

 

ဒါကြောင့်လည်း ၂၀၁၈ ဂျာကာတာ အာရှအားကစားပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတွေ အားလုံးထဲမှာမှ ကြေးတံဆိပ် တစ်ခုတည်းရ ခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်အောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ဆီးရီးယားနိုင်ငံရဲ့ အထက်မှာ ကြေးတံဆိပ် ၂ ခုနဲ့ ရပ်တည်ခဲ့ပါတယ်။

ဒီလို အဆင့် အနိမ့်ဆုံးအဖြစ် ဆုတံဆိပ်အနည်းဆုံး ရရှိခဲ့တာကတော့ ၁၉၉၄ ဂျပန် ဟီရိုရှိးမား အာရှအားကစားပွဲတော်မှာ ကြေးတံဆိပ် ၂ ခုပဲ ရရှိခဲ့ပြီးနောက် ဆုတံဆိပ် အနည်းဆုံး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်အထိ ရည်မှန်းလို့ရတဲ့ အားကစားနည်းတွေ ဖြစ်တဲ့ ပိုက်ကျော်ခြင်း၊လှေလှော်အားကစားပြိုင်ပွဲတို့မှာလည်း ဆုတံ ဆိပ် တစ်ခုမှ မရနိုင်လောက်တဲ့အထိ အားကစား စွမ်းရည် နိမ့်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နှစ်ပေါင်း ၂၀ ကြာမှ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာအမျိုးသား ဘောလုံးအသင်းကတော့ အုပ်စုတွင်း ပြိုင်ဖက်တွေ ဖြစ်တဲ့ မြောက်ကိုရီးယားကိုသရေ၊အီရန်ကို နိုင်ပြီး၊ဆော်ဒီကိုရှုံးခဲ့လို့ ၄ သင်း ၄မှတ်တူညီနေပေမယ့် ရဂိုးကွာခြားလို့ အုပ်စုကပဲ ပြုတ်ခဲ့ရပါတယ်။

 

ခြေစွမ်းကောင်းနဲ့ အာရှကို တပ်လှန့်နိုင်ခဲ့ပေမယ့်လည်း ရလဒ်ကတော့ အုပ်စုကပဲ ထွက်ခဲ့ရတာမို့ အခြေအနေတစ်ခုမှာ ကျန်နေသေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယခု ကျင်းပခဲ့တဲ့ ၂၀၁၈ အာရှအားကစားပွဲတော်မှာတော့ အာရှအင်အားကြီးတရုတ်အသင်းက ရွှေတံဆိပ် ၁၃၂ ခု၊ငွေတံဆပ် ၉၂ခုနဲ့ ကြေးတံ ဆိပ် ၆၅ ခုရရှိကာ အဆင့် (၁) နေရာက ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က