စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ခေါင်ပွဲအဖြစ် စိုးလင်းဦးက တရုတ်က ကျောက်ဝမ်ဝမ်းနဲ့ ထိုးသတ်သွားမှာ ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံတကာ တွဲဆိုင်း ၄ တွဲ ထွက်ပေါ်နေ ပြီ ဖြစ်ပါတယ်။



Photo - WLC

 

WLCက နောက်ထပ် ကြီးမှူး ကျင်းပသွားမယ့်  HEARTLESS TIGERS ပြိုင်ပွဲကိုတော့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ လာမယ့် စက်တင်ဘာလ ၂၉ရက် ညနေ ၅ နာရီကနေစတင်ပြီး ကျင်းပမှာဖြစ်ပါတယ်။

အမျိုးသမီးလိဂ်ကို မြဝတီအသင်း နှစ်နှစ်ဆက် ဗိုလ်စွဲ 

လက်ရှိအချိန်မှာတော့ WLC အနေနဲ့ ပြည်တွင်း လက်ဝှေ့ကျော်တွေနဲ့ ထိုးသတ်သွားမယ့် နိုင်ငံတကာက လက်ဝှေ့ကျော်တွေကို တရားဝင် ထုတ်ပြန်နေပြီ ဖြစ်ပြီး မြန်မာနိုင်ငံက ရန်နိုင်ထွန်းက ကမ္ဘောဒီးယားက Roeung Sophornနဲ့လည်းကောင်း၊ပြီးခဲ့တဲ့ WLC -5 မှာ ပေါ်တူဂီ နိုင်ငံ သားအန်တိုနီယိုဖာရာကို သူတစ်ပြန်ကိုယ်တစ်ပြည်ထိုးသတ်ပြီးမှ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့ မိုက်ရိုင်းကတော့ ကမ္ဘောဒီးယားက နောက်ထပ် လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ Pich Mtes Khmangနဲ့ အသည်းမာကြောင်း ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။

အလဲထိုး အပြေညိုကတော့ ဥဇဘတ်ကစ္စတန် နိုင်ငံသား Shokhrukh Kholmurodov နဲ့ ထိုးသတ်ရမှာ ဖြစ်တာကြောင့် အနည်းငယ် ခက်ခဲမယ့် ပွဲလည်း ဖြစ်လာဦးမှာပါ။

Photo - WLC

 

ဒီတစ်ခေါက် WLC - 6 မှာ ပါဝင်လာတဲ့ ခေါင်ပွဲကတော့ မြန်မလက်ဝှေ့ ပရိသတ်တွေရဲ့ အသည်းကျော် စိုးလင်းဦးနဲ့ တရုတ်က ကျော်ဝမ်ဝမ်းတို့ ရဲ့ တွဲဆိုင်း ဖြစ်လာခဲ့ပါတယ်။

ကျော်ဝမ်ဝမ်းကတော့ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ လက်ဝှေ့သမားဆိုပေမယ့်လည်း တရုတ်နိုင်ငံမှာတော့ ငယ်စဉ်ကတည်းက ဆုတံ ဆိပ်တွေ ရယူထားနိုင်သူလို့လည်းသိရပါတယ်။

Photo - WLC

 

ဒါကြောင့် ယခုပွဲစဉ်ကတော့ မြန်မာက အတွေ့အကြုံ သမ္ဘာအရ မြင့်မားတဲ့ စိုးလင်းဦးနဲ့ ပွဲစဉ်က ၎င်းအတွက်တော့ အတွေ့အကြုံကောင်းတွေ ရမှာ ဖြစ်သလို ခက်ခဲမယ့်ပွဲလည်း ဖြစ်လာမှာပါ။

လက်ရှိမှာတော့ WLC ရဲ့ ဖော်ပြချက်အရ နိုင်ငံတကာ တွဲဆိုင်း ၄ ဆိုင်း ထွက်ပေါ်လာပြီ ဖြစ်ပြီး အခြားစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ့် ဘယ်လိုတွဲဆိုင်းတွေ ရှိနေဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

လက်မှတ်တွေကိုတော့ လာမယ့် စက်တင်ဘာလ ၇ရက်နေ့မှ စတင်ပြီး သတ်မှတ်ထားတဲ့ City Mart Supermarket များမှာ ရောင်းချပေးသွား မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က