မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ ယယ်ရီမီနာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တယ်လို့ စပိန်သတင်းများက ဖော်ပြခဲ့ကြပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအတွက် (၆)ပွဲသာ ကစားခွင့်ရရှိခဲ့တဲ့ မီနာဟာ အသင်းကနေ ပြန်လည်ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

Photo : Goal.com
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် (၃)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ မီနာကို ကလပ်အသင်းအများအပြားက စိတ်ဝင်စားနေခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လိုင်ယွန်၊ အဲဗာတန်တို့ကလည်း မီနာကို စိတ်ဝင်စားခဲ့ကြပေမယ့်လည်း မန်ယူနဲ့ ဘာစီလိုနာတို့ဟာ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ အဆင့်သာကျန်ရှိတော့တာ ဖြစ်ပါတယ်။
မိုဒရစ်အတွက် ဈေးနှုန်းသတ်မှတ်လိုက်တဲ့ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်

Photo : Antena2
မီနာအတွက် ဘာစီလိုနာက ပေါင်၃၅သန်းခန့် အလိုရှိနေပြီး အပြောင်းအရွှေ့ဟာ ဒီအပတ်အတွင်းမှာ အပြီးသတ်မယ်လို့ မျှော်လင့်ရပါတယ်။ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပြီးနောက် အသင်းရဲ့ လူစာရင်းအပေါ် စိတ်တိုင်းမကျဖြစ်နေခဲ့တဲ မော်ရင်ဟိုဟာ အပြောင်းအရွှေ့ ဈေးကွက် စတင်ဖွင့်လှစ်ကတည်းက ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
Photo: The Transfer Tavern
အယ်ဒါဝီရယ်၊ မက်ဂွဲယားတို့ကိုလည်း ယူနိုက်တက်က လေးလေးနက်နက် ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် ခေါ်ယူဖို့ အခက်တွေ့ခဲ့ရပါတယ်။ သြဂုတ်လ (၉)ရက်နေ့မှာ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာနဲ့ အဖွင့်ပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။
Photo : Sports English
"မီနာရဲ့ အေးဂျင့်က သူ့ကစားသမားအတွက် လိုအပ်တဲ့ အကြောင်းအရာ၊ အချက်အလက်အားလုံးကို အသင့်ပြင်ထားပြီးပါပြီ၊ မန်ချက်စတာယူနိုက်တက်အသင်းဘက်က မီနာကို လက်မှတ်ထိုးခေါ်ယူဖို့အတွက် မီးစိမ်းပြမှာကို သူတို့တွေ စောင့်ဆိုင်းနေကြပါတယ်" လို့ Mundo Deportivo က ရေးသားဖော်ပြသွားခဲ့ပါတယ်။