ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူရက် ရရှိနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လော့အိန်ဂျလိစ်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ အပန်းဖြေအနားယူနေတဲ့ ရက်အတွင်းမှာ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားအောင်မြင်မှုအပေါ် အခုထက်ထိ ခံစားနေတုန်းလား ဆိုတဲ့ အတွေးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Photo : Daily Mail
လော့အိန်ဂျလိစ်မြို့အတွင်းမှာ ပေါ့ဂ်ဘာဟာ အာဂျင်တီးနားဂျာစီကို ဝတ်ဆင်ပြီး လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်းမှာ ပေါ့ဂ်ဘာဟာ မန်ယူအသင်းဖော် ဖယ်လိုင်နီနဲ့အတူ အချိန်ဖြုန်းနေခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနား ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းဖော်ဟောင်း ဒီဘာလာရဲ့ ကျောနံပါတ် (၂၁)ပါ ဂျာစီကို ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး သူနဲ့ ဒီဘာလာတို့ကြားက ရင်းနှီးမှု အတိုင်းအတာကို ထုတ်ဖော်ပြသခဲ့တာလားလို့လည်း ထင်စရာ ဖြစ်ခဲ့ပါတယ်။
မော်ရင်ဟိုကို ပညာသားပါပါ ပြန်လည်တုံ့ပြန်လိုက်တဲ့ ကလော့ပ်

Photo : Daily Mail
မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မလာခင် ဂျူဗင်တပ်စ်မှာ အတူတကွ ကစားခဲ့ကြတဲ့ ပေါ့ဂ်ဘာ နဲ့ ဒီဘာလာတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေလို့ သိရပါတယ်။ ဒီဘာလာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် လူစားဝင်ပါဝင်ခဲ့တဲ့ တစ်ပွဲသာ ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။
Photo : Daily Mail
ပေါ့ဂ်ဘာကတော့ ပြင်သစ်အသင်းအတွက် (၆)ပွဲအထိ ကစားခွင့် ရရှိခဲ့ပြီး ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်အတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုံလောက်တဲ့ ပွဲကစားခွင့် မရခဲ့တဲ့ အသင်းဖော်ဟောင်း ဒီဘာလာအတွက် အာဂျင်တီးနားဂျာစီကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ Daily Mail က သုံးသပ်ခဲ့ပါတယ်။
Photo : Daily Mail
ပြင်သစ် နဲ့ အာဂျင်တီးနားတို့ဟာ (၁၆)သင်းအဆင့် ရှုံးထွက်အဆင့်မှ ရင်ဆိုင်ခဲ့ကြရပြီး ပြင်သစ်က (၄-၃) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မတိုင်မီမှာ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းဖော်တွေကို အားပေးစကား ပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး မက်ဆီကိုလည်း ကြောက်ရွံ့နေစရာ မလိုအပ်ဖို့ ပြောကြားခဲ့ပါသေးတယ်။