• အာရှပြိုင်ပွဲ အုပ်စုကျရောက်နေမှုအပေါ် မြန်မာ နည်းပြ အန်တွန်နီဟေး ဘယ်လိုမှတ်ချက်ပေးခဲ့လဲ?

နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံး ဝင်ပြိုင်ခဲ့တဲ့ အာရှအဆင့် ပြိုင်ပွဲကို တာဝန်ယူ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

အန်တွန်နီဟေးက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်ဆုံးနည်းပြ ဂျာမန်လူမျိုး ဂတ်ဆီဇီကို ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမနီလူမျိုး နည်းပြတစ်ဦးအဖြစ်နဲ့ ထပ်မံ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး လက်ရွေးစင်အဆင့်နဲ့ ယူ-၂၃ အသင်းကို ပူးတွဲ တာဝန် ယူထားပါတယ်။

image

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှ အားကစားပွဲတော်ကို မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အုပ်စုတွင်း ပြိုင်ဖက်တွေအဖြစ် အီရန် မြောက်ကိုရီးယား၊ဆော်ဒီအသင်းတို့ကျရောက်နေပါတယ်။

image

Photo - MFF

 

ဒီပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ပဏာမ စာရင်းကို လာမယ့် ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပေးထားပြီး ပြိုင်ပွဲကြို ပြင်ဆင်မှုအနေနဲ့တော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဖိတ်ခေါ် ပြိုင်ပွဲငယ်တစ်ခု ကျင်းပသွားဖို့လည်းရှိပါတယ်။

ဘာရိန်း ယူ-၂၃၊တောင်ကိုရီးယား ယူ-၁၉ နဲ့ ထိုင်း ယူ-၂၃ အသင်းတို့ကို ဖိတ်ခေါ်ထားပြီး မြန်မာ ယူ-၂၃ အသင်းအတွက် ပွဲကြို ပြင်ဆင်စေမှာ လည်း ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာအသင်းကိုတော့ ဂျာမန်လူမျိုး နည်းပြ အန်တွန်နီဟေးက တာဝန်ယူမှာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင် နည်းပြအဖြစ်နဲ့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ့် အဓိက ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုလို အာရှ အင်အားကြီးအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တဲ့ အပေါ်မှာတော့ -" ကျွန်တော်တို့ အုပ်စုကျပ်ထဲ ကျနေပါတယ်။ အထူးသဖြင့် လက်ရှိ ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့တဲ့ ဆော်ဒီ၊ အီရန်လို အာရှအင်အားကြီး အသင်းကောင်း တွေအပြင် ၂၀၁၄ အာရှ အားကစားပွဲမှာ ဖိုင်နယ်တက်ခဲ့တဲ့ မြောက်ကိုရီးယားလည်း ပါနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပြိုင်ပွဲက တစ်ဆင့် အနာဂတ်မှာ အားကိုး ရမယ့် လက်ရွေးစင် အစုအဖွဲ့တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ မြန်မာကို ကိုယ်စားပြုပြီး တိုင်းပြည် ဂုဏ်မငယ်ရအောင် သိက္ခာရှိရှိနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။" လို့ ပြောခဲ့ပါတယ်။

အန်တွန်နီဟေးအတွက် ပထမဆုံး စမ်းသပ်မှုက တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲဖြစ်ခဲ့ပြီး ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ ပရိသတ်သတ်ရဲ့ စောင့် ကြည့်ခြင်းကို ခံနေရပါတယ်။

ယခုတစ်ကြိမ် အာရှအဆင့်ပွဲတော်မှာလည်း ထပ်မံပြီးစမ်းသပ်ခံရအုံးမှာ ဖြစ်ပြီး ဘယ်လို စိတ်လှုပ်ရှားစရာ ရလဒ်တွေ ဖန်တီးပေးနိုင်မလဲဆို တာတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။

ဒီပွဲမှာ ထူးခြားချက်က အိုလံပစ် အားကစားပွဲတော်လိုပဲ အသက် ၂၃ နှစ်နဲ့အထက် ကစားသမား ၃ ဦးစီ ခေါ်ဆောင်လာခွင့်ရှိတာကြောင့်လည်း မြန်မာအသင်း နည်းပြ အန်တွန်နီဟေးက ဆူဇူကီးအကြို ပြင်ဆင်မှုမှာအသက်ကျော်ကစားသမားတွေကိုခေါ်ဆောင်လာမလား လူငယ်တွေကိုပဲ အတွေ့အကြုံပိုမိုရရေးအတွက် သီးသန့်ခေါ်ဆောင်လာမလား ရက်ပိုင်းအတွင်း သိရတော့မှာပါ။

ယခု ကျင်းပတဲ့ ပြိုင်ပွဲက ဖီဖာ အသိအမှတ်ပြု အာရှဖလား ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ မြန်မာအသင်းကတော့ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်က ပထမဆုံး စတင်ပါဝင်ခဲ့ဖူးပြီး အဲ့တုန်းကတော့ ကွာတားအထိ တက်ဖူးပါတယ်။

အဲ့နောက် ၁၉၅၄ မှာ တတိယရပြီး ၁၉၆၆ နဲ့ ၁၉၇၀ ခုနှစ်တွေမှာတော့ ချန်ပီယံ နှစ်ကြိမ်ဆက်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အောင်မြင်မှု ပြန်လည်ရယူနိုင်ခြင်းမရှိတော့ပဲ အုပ်စုက ထွက်ခဲ့ရတဲ့နှစ်တွေရှိသလို ဝင်မပြိုင်ဖြစ်တဲ့ နှစ်တွေလည်း ရှိလာခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်းတော့ လုံး၀ မပါဖြစ်တော့ပဲ ယခု ၂၀ နှစ်အကြာမှသာ တစ်ကျော့ပြန် ပါဝင်နိုုင်တာလည်း ဖြစ်ပါတယ်။

မဲခွဲမှုအရ ထွက်ပေါ်လာသော အုပ်စုများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အုပ်စု(A) အင်ဒိုနီးရှား(အိမ်ရှင်)၊ ဟောင်ကောင်၊ လာအို၊ တရုတ်(တိုင်ပေ)

အုပ်စု(B) ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ ကာတာ

အုပ်စု(C) အီရတ်၊ တရုတ်၊ တီမော၊ ဆီးရီးယား

အုပ်စု(D) ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ

အုပ်စု(E) တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ ဘာရိန်း

အုပ်စု(F) မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်၊ မြန်မာတို့ အသီးသီး ပါဝင်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က