ဆရာဟောင်းဖြစ်တဲ့ ဦးညီညီလတ် ကိုင်တွယ်နေတဲ့ ယူ-၁၆ အသင်းကို လာရောက်အားပေးခြင်းကြောင့် ဒီကနေ့ ကစားမယ့် ထိုင်း ယူ-၁၆ နဲ့ ပွဲစဉ် အတွက် စိတ်ဓာတ်ခွန်အား ရစေမှာပါ။
Photo - MFF
အာဆီယံ ယူ-၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေနဲ့ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲကြို ခြေ စမ်းပွဲများ ကစားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပြီး ၂၁ ရက်နေ့မှာတောာ့ ဘန်ကောက်ကောလိဂ်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုပြတ်အနိုင် ယူပြထားပါတယ်။
Photo - MFF
မြန်မာ ယူ-၁၆ အသင်းကို ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပြီး ယနေ့မှာတော့ ထိုင်း ယူ-၁၆ အသင်းနဲ့ ခြေစမ်းပွဲအဖြစ် ဆက် လက်ကစားပါမယ်။
အောင်သူပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း လူစာရင်းထုတ်ပြန်
မြန်မာ ယူ-၁၆ အသင်းကိုတော့ ထိုင်းနိုင်ငံ Police Tero အသင်းမှာ ကစားနေတဲ့ အောင်သူအပါအဝင် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ရန် ကုန်ယူနိုက်တက်မှ မြန်မာ့လက်ရွေးစင် ကစားမားဟောင်းများဖြစ်ကြတဲ့ ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင်တို့ကလည်း အတူတကွ လိုက်ပါ အား ပေးခဲ့ကြပါတယ်။
Photo - MFF
အောင်သူမှာ ရတနာပုံအသင်းကနေ ထိုင်းလိဂ်(၁)ကလပ်ကို ပထမဆုံး သွားရောက်ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျော်မင်းဦးနဲ့ ငြိမ်း ချမ်းအောင်မှာလည်း ကမ္ဘာ့ဖလားဝင် မြန်မာ ယူ-၂၀ အသင်းအတွက် အဓိက ကျခဲ့သူများ ဖြစ်ပါတယ်။
၎င်းတို့ ၃ ဦးအခုလို လာရောက်အားပေးခဲ့တာဟာ ယခု လက်ရှိ ယူ-၁၆ အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြချုပ် ဦးညီညီလတ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ၎င်းတို့ ယူ-၂၀ အသင်းကို ယူ-၁၉ အသင်းကတည်းက လက်ထောက်နည်းပြအဖြစ် ဂျာမန်လူမျိုး နည်းပြ ဂတ်ဆီဇီနဲ့ အတူ တွဲဖက် တာဝန်ယူလာပေးသူ ဖြစ်ပါတယ်။
ဒါကြောင့် ဆရာဟောင်းလည်း ဖြစ်သူ တစ်ဦးဖြစ်တာနဲ့အညီ ၎င်းတို့ ၃ ဦးစလုံးရဲ့ ဆရာ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတဲ့ အသင်းကို အခုလို လာရောက်ာအားပေးခြင်းဖြင့် ယူ-၁၆ ကလေးတွေ အတွက် စိတ်ဓာတ်ခွန်အား များစွာရစေမှာလည်း ဖြစ်ပါတယ်။
AFF U16 Championship 2018 မှာတော့ ယူ၁၆ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု(က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော စတဲ့ ယူ၁၆ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၁ အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
Share