• ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ မြန်မာယူ-၁၆

ဖိလစ်ပိုင်ကိုအနိုင်ရခဲ့တဲ့အတွက် ရမှတ်ခြောက်မှတ်နဲ့ အုပ်စုတတိယနေရာမှာရပ်တည်နေပါတယ်

၂၀၁၈ အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတတိယပွဲမှာ မြန်မာယူ-၁၆အသင်းဟာ ဖိလစ်ပိုင်ယူ-၁၆အသင်းကို ခုနှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မြန်မာယူ-၁၆အသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အလားအလာကောင်းလာခဲ့ပါတယ်။

38428694_1163449203793890_66308213376548864_o.jpg

Photo: MFF

 

အုပ်စုဒုတိယပွဲစဉ်မှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းကို ရှုံးခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ပွဲမှာ မြန်မာယူ-၁၆အသင်းက ဖိလစ်ပိုင်ယူ-၁၆အသင်းကို ခုနှစ်ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့ပါတယ်။ မြန်မာယူ-၁၆အသင်းဟာ ၂၀၁၈ အာဆီယံယူ-၁၆ချန်ပီယံရှစ်အုပ်စု(က)မှာ အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ဖိလစ်ပိုင်ကိုအနိုင်ရခဲ့တဲ့အတွက် ရမှတ်ခြောက်မှတ်နဲ့ အုပ်စုတတိယနေရာမှာရပ်တည်နေပါတယ်။

ရွက်ပုန်းသီးကစားသမားတွေရဲ့ လက်ရွေးစင်အိပ်မက် အကောင်အထည်ပေါ်လာတော့မယ် 

image

Photo: MFF

 

မြန်မာယူ-၁၆အသင်းဟာ ဖိလစ်ပိုင်နဲ့ပွဲမှာ ပွဲချိန်ပထမပိုင်းကတည်းက လေးဂိုးပြတ်အနိုင်ရနေပြီး ဒုတိယပိုင်းမှာ သွင်းဂိုးသုံးဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာယူ-၁၆အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ နောင်နောင်စိုးက နှစ်ဂိုး၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း၊ ပြည့်ဖြိုးအောင်၊ ခန်ကျော်ဇင်ဟိန်း၊ ဝေယံစိုးတို့က သွင်းယူခဲ့တာပါ။

Photo: MFF

 

မြန်မာယူ-၁၆အသင်းဟာ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် ကမ္ဘောဒီးယား၊ ဗီယက်နမ်အသင်းတွေကို အနိုင်ရဖို့လိုပါတယ်။ မြန်မာယူ-၁၆အသင်းအနေနဲ့ သြဂုတ် ၄ရက်မှာ ကမ္ဘောဒီးယား၊ သြဂုတ် ၆ရက်မှာ ဗီယက်နမ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က