• မျိုးဆက်ပွား ကျန်းမာရေးအက်ပလီကေးရှင်း MyHealthcare ရင်းနှီးငွေ ဒေါ်လာသုံုးသောင်း ရရှိ

မိုုဘိုုင်းဖုုန်း အက်ပလီကေးရှင်းကတဆင့် မိမိဘယ်သူဆိုုတာကိုု မဖော်ပြဘဲ မျိုးဆက်ပွား ကျန်းမာရေး ကိစ္စတွေ မေးမြန်းနိုုင်ပါတယ်။

MyHealthcare မိုုဘိုုင်းအက်ပလီကေးရှင်းဟာ USAID, fhi360, Phandeeyar တို့ ပူးပေါင်းစီစဉ်သည့် Innovation Marketplace (Civic Tech Solution) ပြိုင်ပွဲ မှာပါဝင် ဖြစ်ခဲ့ရာက နေ ထွက်ပေါ်လာတဲ့ Mobile App တစ်ခုုဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်း နှင့် နည်းပညာ ကုမ္ဗဏီ ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြု application တွေ ထွက်ပေါ်စေဖိုု့ ရည်ရွယ်ပြီး ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ Trust Oo Enterprise နှင့် Global New Wave Technology တို့ပူးပေါင်း ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

image


ယခုုတစ်ခေါက် ရရှိတဲ့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ MyHealthcare Mobile App အနေနဲ့ ဒုတိယအဆင့် မှာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမအဆင့် Round-1 တုန်းကလည်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၀၀၀၀ ရရှိခဲ့တယ်လိုု့ သိရပါတယ်။ ပထမအဆင့်တုုန်းကတော့ မြန်မာနိုုင်ငံက အဖွဲ့ ကိုုးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

image


အခုုရရှိတဲ့ ရင်နှီးမြှုပ်နှံငွေ တွေကို မျိုးဆက်ပွားကျန်းမာရေး အပြင် အခြား ကျန်းမာရေး ကိစ္စများ ကို မေးမြန်းနိုုင်ဖိုု့ Feature အသစ်တွေ ထပ်မံ ဖြည့်သွင်းသွင်းရာမှာ သုံုးစွဲသွားမယ်လိုု့ သိရပါတယ်။



မျိုးဆက်ပွား ကျန်းမာရေး  အကြောင်းတွေ ကို ဒီ MyHealthcare application ကနေ တစ်ဆင့် မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ပြရန် မလိုုပဲ ပွင့်ပွင့်လင်းလင်းမေးမြန်းနိုုင်ပါတယ်။ ဒီလိုု မေးမြန်းမှုတွေကတဆင့် မလိုုလားအပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေး နောက်ဆက်တွဲ ဆိုုးကျိုးများကိုု လျော့ချပေးနိုုင်မှာ ဖြစ်ပါတယ်။ MyHealthcare အက်ပလီကေးရှင်းကိုု နေ့စဉ်အသုံးပြု သူ ၁၅၀ ကျော် ရှိနေပြီး အသုံးပြုသူတွေ ထဲမှာ ယောက်ျားလေး ဦးရေ ပိုများတယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က