နိုင်ငံတကာမှာ လစာအမြင့်ဆုံးနည်းပညာအလုပ်အကိုင်တွေအကြောင်း

Tech Talent တစ်ယောက်အတွက် တောက်ပတဲ့အနာဂါတ်တစ်ခုက ရှိထားပြီးသားပါ။ လူငယ်တစ်ယောက်အနေနဲ့ အလုပ်အကိုင်ခေါ်ဆိုမှု မြင့်မားပြီး အလုပ်လစာ ကောင်းတဲ့ Career တစ်ခု လျှောက်လှမ်းချင်တယ်ဆိုရင် နည်းပညာနယ်ပယ်ကို ရွေးတာ မမှားပါဘူး။ 

Robert Half Technology ရဲ့ ၂၀၂၁ IT အလုပ်အကိုင်လစာ အစီရင်ခံစာမှာ ဒီနှစ်အတွက် နိုင်ငံတကာမှာ လစာအမြင့်ဆုံးနည်းပညာအလုပ်အကိုင်တွေအကြောင်း ထွက်လာပါတယ်။ အိုင်တီအလုပ်အကိုင်တွေမှာလည်း ကိုယ်လာခဲ့တဲ့ Industry ၊ လုပ်သက်နဲ့ ကျွမ်းကျင်မှု ၊ ပညာရပ်ဆိုင်ရာ အသိအမှတ်ပြုခံရမှုတွေပေါ် လိုက်ပြီး လစာအနည်းအများ ခွဲခြားထားပါတယ်။ 



ဒီစစ်တမ်းရဲ့ အဆိုအရ ၂၀၂၁ အတွက် အလုပ်ခေါ်ဆိုမှုအများဆုံးနဲ့ လစာအများဆုံး နည်းပညာအလုပ်အကိုင် ၅ ခု အနေနဲ့ (၁) Security Professional - Information , Systems, Network ,Data, Cloud ၊ (၂) Cloud Architect ၊ (၃) Database Administrator ၊ (၄) Programmer Analyst နဲ့ (၅) System Analyst လို့ ပြောထားပါတယ်။ ဒီ Careers တွေကို သွားဖို့ အခုပြောမယ့် Skills တွေ လိုပါတယ်။


(၁) Security Professional (Data/Information/Network/Systems/Cloud)


Photo: Unsplash

နိစ္စဒူဝစီးပွားရေးလည်ပတ်မှုမှာ ဒေတာတွေအပေါ် မှီခိုမှုမြင့်တက်လာတာဖြစ်လို့ Data, information, systems, network နဲ့ cloud security professionals အလုပ်အကိုင်တွေ သိပ်လိုလာပါတယ်။ အခု ပြောထားတဲ့ Tech Jobs တွေထဲမှာ Security Professionals အလုပ်အကိုင်တွေက လစာအမြင့်ဆုံး ဖြစ်ပြီး သတင်းအချက်အလက် လုံခြုံရေးကျွမ်းကျင်သူတွေဟာ ဒေါ်လာ ၁၂၄၂၅၀ ကနေ ဒေါ်လာ ၂၁၃၀၀၀ အထိ ရကြတယ်လို့ ဖော်ပြထားပါတယ်။


Systems ၊ Network နဲ့ Data ပိုင်း Security Professional တွေကတော့ အခြေခံ ဒေါ်လာ ၁၀၀၀၀၀ ၊ ဒေါ်လာ ၁၀၅၅၀၀ နဲ့ ၁၁၂၅၀၀ ကနေ ရကြတယ်လို့ ဆိုပါတယ်။ Security Professionals တွေဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ၊ ဆော့ဖ်ဝဲလ်နဲ့ ကွန်ရက်ဆိုင်ရာ လုံခြုံရေးမူဝါဒချမှတ်မှုနဲ့ အကောင်အထည်ဖော်တာတွေ လုပ်ပါတယ်။ ပုံမှန် Security Audits ဝင်တာ ၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ယိုပေါက်ပြဿနာတွေ ဖြေရှင်းတာတွေလည်း တာဝန်ယူရပါတယ်။


Security Systems တွေ သုံးတဲ့ အတွေ့အကြုံ လိုပါတယ်။ စနစ်အားနည်းချက်တွေအကြောင်းနဲ့ တိုက်ခိုက်မှုတွေအကြောင်းကို ထောင့်စေ့အောင် နားလည်နေရပါမယ်။ ကိုယ့် Industry အတွက် ချမှတ်ထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေအကြောင်းပါ ဗဟုသုတရှိထားရပါမယ်။


(၂) Cloud Architect


Photo: Unsplash


Robert Half Technology ရဲ့အစီရင်ခံစာမှာ Cloud Architect တစ်ယောက်ကို ဒေါ်လာ ၁၂၁၀၀၀ ကနေ ဒေါ်လာ ၂၀၂၂၅၀ အထိ ရတယ်လို့ ဖော်ပြထားပါတယ်။ Cloud Architects တွေဟာ ကုမ္ပဏီရဲ့ Cloud Computing ဗျူဟာပိုင်းကို ကြီးကြပ်ပြီး Cloud Apps တွေ အသုံးချတာ ၊ စီမံခန့်ခွဲတာနဲ့ ပံ့ပိုးမှုတွေအတွက် တာဝန်ယူပါတယ်။ Cloud Architects သမားတွေဟာ Networking ၊ Programming နဲ့ Security Skills တွေအပြင် Operating Systems အမျိုးမျိုးမှာ တကယ်နားလည်တတ်ကျွမ်းရပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ Amazon Web Services လိုမျိုး Cloud Services ပိုင်း ကျွမ်းကျင်ရသလို ITSM ၊ I&O ၊ Governance ၊ Automation နဲ့ Vendor Management ပိုင်းလည်း အတွေ့အကြုံ ရှိသင့်ပါတယ်။ နောက်ဆုံးပေါ် Cloud နည်းပညာနဲ့ Architectural စည်းမျဉ်းတွေ သိဖို့ ၊ Cloud Systems ရဲ့ တည်ဆောက်ပုံ ၊ ကုန်ကျစရိတ်နဲ့ Performance ပိုင်းလည်း နားလည်ရပါမယ်။ 


၃) Database Administrator



Photo: Unsplash

DBA လို့ အတိုကောက်ခေါ်ကြတဲ့ Database Administrator တစ်ယောက်ဟာ Database တစ်ခု Manage လုပ်ဖို့ သုံးတဲ့ Software တွေကို ကိုင်တွယ်ထိန်းသိမ်းရသလို ဒေတာကို အလွယ်တကူထုတ်ပေးနိုင်အောင်လည်း တာဝန်ယူရပါတယ်။ DBA ဟာ ဒေတာလုံခြုံရေး ၊ ဒေတာ သိုလှောင်/ရယူ/ပွားသိမ်း ကိစ္စတွေအကုန် ကြီးကြပ်ရပါတယ်။ DBA တစ်ယောက်ဟာ ဆာဗာတွေ စောင့်ကြည့်တဲ့ တာဝန်အပြင် Performance ကောင်းဖို့နဲ့ အရေးပေါ်အခြေအနေတွေ ဖြေရှင်းနိုင်စွမ်းလည်း လိုပါတယ်။ 


Database Administration ပိုင်း လိုက်မယ့်သူဟာ Computer Science ဘွဲ့ ဒါမှမဟုတ် DBA ပိုင်း ဘွဲ့တစ်ခုခု ရဖို့ လိုသလို အတွေ့အကြုံကောင်းတွေလည်း ရှိဖို့ လိုပါတယ်။ တခြား Skills တွေအနေနဲ့ Oracle ၊ Linux နဲ့ SQL Skills ကောင်းရပါမယ်။ Data Analysis & Management ပိုင်းအပြင် Reporting Skills လည်း ရှိထားသင့်ပါတယ်။ Robert Half Technology ရဲ့အစီရင်ခံစာမှာ DBA တစ်ယောက်ဟာ အခြေခံ ဒေါ်လာ ၇၉၇၅၀ ကနေ ကျွမ်းကျင်ပညာရှင်အဆင့်မှာ ဒေါ်လာ ၁၆၀၀၀၀ အထိ ရနိုင်တယ်လို့ ဆိုပါတယ်။


(၄) Programmer Analyst


Photo: Unsplash

Programmer Analyst တစ်ယောက်ဟာ ပရိုဂရမ်သစ်တွေ ဒီဇီုင်းဆွဲတာ ၊ Coding ရေးတာ ၊ Testing လုပ်တာအပြင် Flowcharts ၊ Diagrams တို့ သုံးပြီး Documentation အသေးစိတ်လည်း ချတတ်ဖို့ လိုပါတယ်။ ပရိုဂရမ် ဒီဇိုင်းချတဲ့အပိုင်း ကျွမ်းကျင်သူတွေဟာ ကုန်ကျစရိတ်နဲ့ performance ပိုင်း တွက်ချက်ပေးနိုင်စွမ်း ရှိသလို Information Systems နဲ့ Application ပရိုဂရမ်ပိုင်း ပြဿနာတက်တာတွေလည်း ဖြေရှင်းပေးနိုင်ရပါတယ်။


System Analyst တစ်ယောက်အနေနဲ့ရော ကွန်ပျူတာပရိုဂရမ်မာအနေနဲ့ပါ အတွေ့အကြုံ ရှိမှ Programmer Analyst အဖြစ် အလုပ်လုပ်နိုင်မှာပါ။ Computer Science ဒါမှမဟုတ် IT နဲ့ သက်ဆိုင်တဲ့ဘာသာရပ်တစ်ခုခုကနေ ဘွဲ့ရထားဖို့ လိုပါတယ်။ Programming Languages တွေ ဖြစ်တဲ့ Java , Java Script , C , C++တို့ .NET တို့ကို ကျွမ်းကျင်ရပါမယ်။ အများနဲ့ ဆက်ဆံရေး Interpersonal Skills ကောင်းဖို့ လိုပါတယ်။ 

Robert Half Technology ကတော့ Programmer Analyst တစ်ယောက်ဟာ ဒေါ်လာ ၈၈၇၅၀ ကနေ ဒေါ်လာ ၁၅၄၅၀၀ အထိ ရနိုင်တယ်လို့ ဆိုပါတယ်။


(၅) Systems Analyst


Photo: Unsplash

Systems Analyst တစ်ယောက်ဟာ ဒေါ်လာ ၈၁၂၅၀ ကနေ ဒေါ်လာ ၁၃၆၇၅၀ အထိ ရတဲ့ အလုပ်အကိုင်ဖြစ်ပြီး ဘွဲ့အနေနဲ့ Computer Science ၊ IT ၊ Engineering ဒါမှမဟုတ် Information System ပိုင်းမှာ ဘွဲ့ဒီဂရီတစ်ခုခု ရထားဖို့ လိုပါတယ်။ Systems Analyst တွေဟာ စနစ်တကျပြဿနာဖြေရှင်းနည်း စွမ်းရည် ၊ Data Analysis နဲ့ Programming Skills ဘက် ကျွမ်းကျင်ရပါမယ်။ 


Project Management နယ်ပယ် ၊ စီးပွားရေးနဲ့ Technical Analysis ပိုင်းမှာ အတွေ့အကြုံကောင်းတွေ ရှိထားဖို့ လိုပါတယ်။ လုပ်ငန်းသုံး IT Systems တွေကို သရုပ်ခွဲလေ့လာပြီး စီးပွားရေးပြဿနာတွေ ဖြေရှင်းရပါတယ်။ Systems Analyst တွေဟာ Programs နဲ့ Databases တွေ ထိထိရောက်ရောက် အလုပ်လုပ်မလုပ် စစ်ဆေးရပြီး Systems အပေါ်မှာ Documentations တွေ လုပ်ရပါတယ်။ 


Robert Half Technology ရဲ့ ၂၀၂၁ ခုနှစ်အတွက် ထိပ်တန်း IT အလုပ်အကိုင် ၁၀ ခုစာရင်းထဲမှာ Mobile Applications Developer ၊ Network Administrator ၊ Software Developer ၊ DevOps Engineer နဲ့ Help Desk and Desktop Support Professionals အလုပ်အကိုင်တွေလည်း ပါဝင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က