အရှေ့တောင်အာရှတစ်ခွင်ကို eCommerce လုပ်ငန်းဖွံ့ဖြိုးရေးအတွက် စိတ်လှုပ်ရှားစရာနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

လူသန်းပေါင်း ၆၅၅ သန်း နေထိုင်ရာ အရှေ့တောင်အာရှတစ်ခွင်ကို eCommerce လုပ်ငန်းဖွံ့ဖြိုးရေးအတွက် စိတ်လှုပ်ရှားစရာနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်

           နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ပြီး နှစ်စဉ် အွန်လိုင်းလက်လီအရောင်းပြကိန်းဟာ ၄၄.၄% ခန့်တိုးတက်နေခြင်းကပဲ အရှေ့တောင်အာရှ (SEA Region) မှာ အွန်လိုင်း Marketplaces အလားအလာကောင်းတွေ ရှိတယ်လို့ လက်ခံထားကြတာပါ။ ဒါကြောင့်ပဲ အရှေ့တောင်အာရှမှာ ဒေသတွင်း eCommerce ကုမ္ပဏီတွေ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ မှိုလိုပေါက်လာကြတာ ဖြစ်ပါတယ်။



           SEA က အွန်လိုင်းအရောင်းဈေးကွက်တွေဟာ Amazon စတိုင် စီးပွားရေးမော်ဒယ်မျိုးနဲ့လည်ပတ်နေတာ ဖြစ်ပေမယ့် ဒေသတွင်းလောက်မှာပဲ ဒီလုပ်ငန်းတွေကို လူသိကြတာပါ။ တချို့ Marketplace နာမည်နဲ့ အမှတ်တံဆိပ်တွေကို SEA ပြင်ပက လူတွေ သိပ်မသိကြပါဘူး။ ဒါဆို အရှေ့တောင်အာရှတစ်လွှားက အကြီးဆုံးအွန်လိုင်း Marketplaces တွေက ဘာတွေ ဖြစ်မလဲ။

 

(၁) Shopee



 Photo: Voi

           အရှေ့တောင်အာရှ အွန်လိုင်း Marketplace တွေထဲမှာ Shopee ကို အကြီးဆုံးပလက်ဖောင်းအဖြစ် သတ်မှတ်ထားပါတယ်။ လစဉ် လာရောက်သူ ၁၉၈ သန်းခန့် ရှိပြီး အင်ဒိုနီးရှားက လစဉ် Visits လုပ်မှု ၇၆.၂ သန်းနဲ့ အများဆုံးပါပဲ။ Shopee ကို အများဆုံးသုံးတဲ့နိုင်တဲ့တွေက အင်ဒိုနီးရှား ၊ ထိုင်ဝမ် ၊ ဗီယက်နမ် ၊ ထိုင်းနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ Shopee ကို စင်္ကာပူမှာ ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး Marketplace ဆိုတဲ့အတိုင်း တတိယအင်အားစုလို့ ခေါ်ကြတဲ့ ပြင်ပကုမ္ပဏီ Third Parties တွေရဲ့ ပစ္စည်းတွေကို တင်တဲ့ ပလက်ဖောင်းအဖြစ် ရပ်တည်တာပါ။

           အရှေ့တောင်အာရှ စီးပွားရေးအင်အားကြီးနိုင်ငံတွေ အဖြစ် သတ်မှတ်ထားတဲ့ အင်ဒိုနီးရှား ၊ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တွေအပြင် ထိုင်ဝမ်နဲ့ ဘရာဇီးမှာလည်း ဒီပလက်ဖောင်းကို သုံးလာကြပါတယ်။ Shopee ဟာ ကနဦးက စားသုံးသူအချင်းချင်း တိုက်ရိုက်ဖလှယ်ရောင်းဝယ်ရေး ပလက်ဖောင်းတစ်ခုအဖြစ် Mobile App နဲ့ စတင်ခဲ့တာပါ။ Shopee ကို နယူးယော့စတော့ဈေးကွက်စာရင်းဝင် စင်ကာပူအခြေစိုက် Sea Limited က ပိုင်ဆိုင်တာပါ။ Sea ဟာ Shopee အပြင် အွန်လိုင်းဂိမ်းလုပ်ငန်း ၊ ဒီဂျစ်တယ်ငွေပေးချေရေး ဝန်ဆောင်မှုတွေလည်း လုပ်ပါတယ်။ Sea ကို တရုတ်အင်တာနက်ကုမ္ပဏီ Tencent က ၃၉.၇% ပိုင်ပါတယ်။

 

(၂) Lazada


Photo: Campaign Asia

 

           Lazada ကို ဂျာမန် Startup ဖွံ့ဖြိုးမှုလုပ်ငန်း Rocket Internet ရဲ့ အထောက်အပံ့နဲ့ ၂၀၁၂ မှာ စတင်တည်ထောင်ခဲ့တာပါ။ Rocket Internet ဟာ ကမ္ဘာတစ်လှားက အွန်လိုင်း Marketplaces ‌လုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီထဲမှာ အာဖရိကမှ Jumia ၊ ဥရောပမှ Zalando ၊ လက်တင်အမေရိကမှ Linio နဲ့ Global Fashion Group ကနေ လည်ပတ်နေတဲ့ အွန်လိုင်းလက်လီအရောင်းစတိုး ၄ ခုလည်း ပါဝင်ပါတယ်။

           ၂၀၁၆ မှာ Lazada ကို တရုတ် eCommerce ကုမ္ပဏီကြီး ဖြစ်တဲ့ Alibaba က ဝယ်သွားခဲ့ပါတယ်။ Shopee လိုပဲ Lazada လည်း စင်ကာပူမှာ အခြေစိုက်ပါတယ်။ ကနဦးမှာတော့ သမရိုးကျလက်လီအ‌ရောင်းတစ်ခုအနေနဲ့ ရပ်တည်ပြီး ၂၀၁၃ မှာ အွန်လိုင်း Marketplace အဖြစ် ပြောင်းလဲခဲ့တာပါ။ Lazada ကို ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူသုံးများပြီး ဒီပလက်ဖောင်းကို လစဉ်လာရောက်လည်ပတ်မှု စုစုပေါင်း ၁၆၁.၇ သန်းကျော် ရှိတဲ့ အထဲမှာ ထိုင်းက ၃၉.၄ သန်း ၊ ဖိလစ်ပိုင်က ၃၈.၆ သန်းစီ ရှိကြပါတယ်။

           Lazada ပလက်‌ဖောင်းမှာ ဒေသတွင်းရောင်းချသူတွေအတွက်ကော်မရှင်ကြေး ပေးစရာမလိုတဲ့ အပိုင်း ၊ Brand Owners နဲ့ လက္ကားဖြန့်သူတွေအတွက် ၅% ကော်မရှင်ကောက်တဲ့ LazMall နဲ့ နိုင်ငံတကာက ရောင်းချသူတွေအတွက် LazGlobal ဆိုပြီး သုံးပိုင်းခွဲထားပါတယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင်မှာဆို လတ်လတ်ဆတ်ဆတ် စားသောက်ကုန်တွေ ‌ရောင်းချတဲ့သူတွေအတွက် RedMart နဲ့ LazadaFresh ဆိုပြီး အစီအစဉ်တွေပါ လုပ်ဆောင်ထားပါတယ်။

 

(၃) Tokopedia

 


Photo: Mime Asia


           အရှေ့တောင်အာရှရဲ့ လူဦးရေအသိပ်သည်းဆုံးနဲ့ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက အွန်လိုင်း Marketplace ဖြစ်ပါတယ်။ Tokopedia ကို အင်ဒိုနီးရှားသား စွန့်ဦးတီထွင်သူနှစ်ဦးက ၂၀၀၉ မှာ စတင်တည်ထောင်ခဲ့တာပါ။ Tokopedia ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းတွေဆီက ရံပုံငွေ အထောက်အပံ့တွေ ရထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး တရုတ် eCommerce လုပ်ငန်းကြီး ဖြစ်တဲ့ Alibaba ကလည်း ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှပ်နှံထားပါတယ်။

           Tokopedia ဟာ Shopee ပြီးရင် အင်ဒိုနီးရှားမှာ ဒုတိယလူသုံးအများဆုံး eCommerce ပလက်ဖောင်းတစ်ခု ဖြစ်ပြီး လစဉ်သုံးစွဲသူစုစုပေါင်း သန်း ၁၀၀ ကျော်နဲ့ ပလက်ဖောင်းပေါ် ရောင်းချသူ ၁၀ သန်းခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ Tokopedia ပေါ်မှာ ပုံမှန်ကုန်သည် Regular Merchants အနေနဲ့ ဖြစ်စေ အထူးပရိုမိုးရှင်းနဲ့ ကြော်ငြာမှု ပေးတဲ့ Power Merchants အနေနဲ့ ဖြစ်စေ ကုန်ပစ္စည်းတွေ ရောင်းချနိုင်ပါတယ်။

           Tokopedia ပလက်ဖောင်းပေါ် ကုန်ပစ္စည်းရောင်းချသူတွေဟာ ကုန်ပစ္စည်းအမျိုးအစားပေါ်လိုက်ပြီး အာမခံစပေါ်ကြေးအနေနဲ့ ၂% ကနေ ၁၅% အထိ တင်ထားဖို့ လိုပါတယ်။ အရှေ့တောင်အာရှအတိုင်းအတာနဲ့ Tokopedia ပလက်ဖောင်းကို လစဉ်သုံးစွဲသူဟာ ၇၂.၄ သန်းခန့် ရှိပြီး Cross-Border အရောင်းအစီအစဉ်လည်း လုပ်ထားတာကြောင့် အင်ဒိုနီးရှားအပြင် အမေရိကန် ၊ စင်ကာပူနဲ့ တခြားနိုင်ငံအချို့ကလည်း သုံးစွဲကြပါတယ်။

 

(၄) Bukalapak


Photo: Tech In Asia

 

           Shopee ၊ Tokopedia နဲ့ Lazada ပြီးရင် Blukalapak က အင်ဒိုနီးရှားရဲ့ စတုတ္ထအကြီးဆုံး အွန်လိုင်း Marketplace ကြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆို ဒီပလက်ဖောင်းကို လာရောက်လည်ပတ်သူ ၂၆.၄ သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ Bukalapak ဟာ တခြားကုမ္ပဏီတွေရဲ့ပစ္စည်းတွေပဲ သီးသန့်ရောင်းချပေးတဲ့ Pure-Play အွန်လိုင်း Marketplace တစ်ခု ဖြစ်ပါတယ်။

           Bukalapak ပလက်‌ဖောင်းပေါ်မှာ လာရောက်ရောင်းချသူ ၆ သန်းကျော်နဲ့ ပုံမှန်သုံးသူ သန်း ၇၀ န့် ရှိပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့ကို အရောင်းအဝယ် Transaction ပေါင်း ၂ သန်းခန့် လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။

 

(၅) Tiki


Photo: Deal Street Asia

 

           ဗီယက်နမ်အခြေစိုက် Tiki ကို ၂၀၁၀ ခုနှစ်က စပြီး တည်ထောင်ခဲ့တာပါ။ အင်္ဂလိပ်စာအုပ်တွေ ရောင်းချတဲ့ ဆိုက်တစ်ခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ကုန်ပစ္စည်းမျိုးစုံ တင်လာခဲ့ပါတယ်။ လူပေါင်း သန်း ၁၀၀ နီးပါး နေထိုင်ရာ ဗီယက်နမ်မှာတော့ Tiki ဟာ Shopee နဲ့ Lazada တို့ပြီးရင် တတိယ နာမည်အကြီးဆုံး eCommerce ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

           Tikki marketplace ကို ၂၀၁၇ မှာ စတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး ကော်မရှင်ကြေးအနေနဲ့ ရောင်းကုန်ပေါ်လိုက်ပြီး ၀.၅% ကနေ ၁၈% အထိ ကောက်ခံပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေအတွက်လည်း Cross-Border ရောင်းချမှုပရိုဂရမ်ထည့်ပေးထားပါတယ်။ ဗီယက်နမ်အပြင် အမေရိကန်က လုပ်ငန်းနဲ့ ဖောက်သည်တချို့လည်း Tiki ကို သုံးကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က