စျေးကွက်နောက်ဆုံးနေ့မှာ ရီးရဲလ်က အစွမ်းကုန်အားထုတ်နေတာဖြစ်ပြီး ဒီနေ့မှာပဲ ကစားသမားကို ဆေးစစ်မှုတွေပြုလုပ်နိုင်ဖို့ပါ မျှော်လင့်နေကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီကို ကြိုးပမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အခြားသောပြင်သစ်ကြယ်ပွင့်ကစားသမား ကာမာဗင်ဂါကို ခေါ်ယူဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ စျေးကွက်နောက်ဆုံးနေ့မှာ ရီးရဲလ်က အစွမ်းကုန်အားထုတ်နေတာဖြစ်ပြီး ဒီနေ့မှာပဲ ကစားသမားကို ဆေးစစ်မှုတွေပြုလုပ်နိုင်ဖို့ပါ မျှော်လင့်နေကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။

ကာမာဗင်ဂါဟာ ပြင်သစ်ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး ရန်းနက်စ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူစာရင်းဝင် ကာမာဗင်ဂါကို ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့တဲ့ ရန်းနက်စ်အတွက်တော့ ပြောင်းရွှေ့ကြေးအများဆုံးပေးမယ့် အသင်းဆီ ရောင်းထုတ်ဖို့သာ ရှိနေတော့တာဖြစ်ပြီး ရီးရဲလ်က ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာပဲ လီဂူးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ကာမာဗင်ဂါကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဘတ်ပီအတွက် လက်လျှော့လိုက်တဲ့ ရီးရဲလ်ဟာ ကာမာဗင်ဂါကို တိုနီခရူးစ်နဲ့ မိုဒရစ်တို့နေရာအတွက် ရည်မှန်းထားပြီး ရေရှည်အသုံးပြုသွားဖို့အတွက်ပါ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့စျေးကွက်နောက်ဆုံးနေ့မှာ အရခေါ်ယူသွားနိုင်မလားဆိုတာကိုသိရဖို့က အချိန်အနည်းငယ်သာ လိုတော့တာဖြစ်ပါတယ်။