အိပ်ရေးပျက်တာက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး အဖျားတာရှည်နိုင်ပါတယ်။

ဒီအချိန်က ရာသီအကူးအပြောင်းဖြစ်တဲ့အတွက် အအေးမိတာ ဖျားနာတာ အဖြစ်များပါတယ်။

ဒါ့အပြင် တုပ်ကွေးအမျိုးမျိုးရဲ့ ရာသီချိန်ခါ ဖြစ်လို့ ဖျားနာသူ မနည်းပါဘူး။နေမကောင်းတဲ့အခါ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းချင်တဲ့လူတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ့်အလေ့အကျင့်အချို့က ရောဂါလက္ခဏာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် မြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ဖျားနာနေတဲ့အခါ ဒီအပြုအမူ (၇)ချက်ကို ရှောင်ဖို့လိုအပ်ပါတယ်။

အလုပ်ကြိုးစားနေတာ

Photo: The lowa Clinic

ဖျားနာနေတဲ့အခါ ပုံမှန်အတိုင်းအလုပ်လုပ်နိုင်ဖို့ကို မကြိုးစားပါနဲ့။ ခန္ဓာကိုယ်က အအေးမိ ဒါမှမဟုတ် တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ စွမ်းအင်လိုအပ်ပါတယ်။ဒါကြောင့် အနားယူခြင်းကို ဦးစားပေးပါ။ အလုပ် ဒါမှမဟုတ် ကျောင်းကိစ္စတွေရှိရင်လည်း အနားယူပါ။ အိမ်မှာနေပါ။ ဒါက ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးမယ့်အပြင် တခြားသူတွေကို မကူးစက်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ဆရာဝန်မပြတာ 

Photo: Everyday Health

သာမန်အအေးမိတာအတွက်တော့ ဆေးခန်းပြဖို့ မလိုအပ်ပေမယ့် အပူချိန်မြင့်တာ ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာလိုမျိုး တုပ်ကွေးလက္ခဏာတွေရှိရင်တော့ ဆေးခန်းပြသင့်ပါတယ်။ဒါမှသာ ရောဂါလက္ခဏာတွေကို သက်သာစေပြီး ဖျားနာမှုအချိန်ကို တိုစေမှာပါ။

အိပ်ရေး၀၀ မအိပ်တာ 

Photo: self.com

အိပ်ရေးပျက်တာက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး အဖျားတာရှည်နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ညကို ၆နာရီအောက်ပဲ အိပ်ချိန်ရှိသူတွေဟာ အနည်းဆုံး ၇နာရီအိပ်တဲ့သူတွေထက် ဖျားနာနိုင်ခြေ လေးဆမြင့်ပါတယ်။ဒါ့ကြောင့် ညဘက်လည်း စောစောအိပ်ရာဝင်ပြီး နေ့ဘက်မှာလည်း တစ်ရေးတစ်မော အိပ်သင့်ပါတယ်။

ရေသောက်နည်းတာ 

Photo: informal

ဖျားတဲ့ အချိန်မှာတော့ ရေလုံလောက်အောင် သောက်သင့်ပါတယ်။ ဒါမှ ရေဓာတ်ရှိနေရင် လည်ချောင်းနာတာ ၊ ချွဲတွေကို သက်သာစေမှာပါ။ ခေါင်းကိုက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနေချိန်မှာတော့ ရေများများသောက်တာ ၊ ဆေးဖက်ဝင်လက်ဖက်ရည် ဒါမှမဟုတ် ဟင်းရည်ပူပူလေးတွေ သောက်ပါ။ဒါက မောပန်းနွမ်းနယ်တာ ၊ လည်ချောင်းနာတာ နဲ့ အအေးမိလက္ခဏာတွေကို သက်သာစေမှာပါ။

အစားမစားတာ 

Photo: Nutrition

ဖျားတဲ့အခါ ပါးစပ်ပျက်တယ်ဆိုပြီး အစားနည်းသွားကြပါတယ်။ တကယ်တမ်းမှာတော့ ဖျားတဲ့အခါ အစားစားဖို့က အရေးကြီးပါတယ်။ဒါမှ အအေးမိ ၊ တုပ်ကွေးဗိုင်းရပ်စ်တွေကို တိုက်ခိုက်တဲ့ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးမှာပါ။ အစားဝင်အောင်စားတာကလည်း အဖျားသက်သာဖို့ အထောက်အကူပြုပါတယ်။

ဆေးလိပ်သောက်တာ 

Photo: New Scientist

ဆေးလိပ်သောက်တာက အဆုတ်ကို ပျက်စီးစေပြီး လည်ချောင်းကို ယားယံစေပါတယ်။ အဲဒါက အအေးမိတဲ့ လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ဖျားနေတဲ့အချိန် စီးကရက်နဲ့ vape တွေကို ရပ်ထားပါ။

စိတ်ဖိစီးခံတာ 

Photo: Love What Matter

စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က ထုတ်တဲ့ဟော်မုန်းက ခုခံအားစနစ်ကို အားနည်းစေပါတယ်။ ရောင်ရမ်းမှုကိုလည်း တိုးစေပြီး နှာစေးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီး စိတ်ညစ်စရာတွေကို မတွေးဘဲ အနားယူခြင်းက  အမြန်ထူထူထောင်ထောင် ဖြစ်စေမှာပါ။

Ref: Symptoms

Share

Loading Next Article...
က္က