ညအိပ်ရာဝင်ချိန်နဲ့ အလွန်နီးကပ်ပြီးမှ စားသောက်ခြင်းက တစ်ညလုံး ရင်ပူစေပါတယ်။

လေပွတာ ၊ ဝမ်းချုပ်တာ ၊ ဝမ်းပျက်တာ စတဲ့ အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့အခါ သင်က မပြောရင်တောင် အစားစားတာနဲ့ပတ်သတ်ပြီး ဒီအကျင့်မှားတွေရှိနေလို့ဆိုတာ အလိုလိုသိနိုင်နေပါတယ်။ စားသောက်ပုံမှားယွင်းမှုကြောင့် အစားမကြေဖြစ်တာကိုရှောင်ရှားနိုင်ဖို့အတွက် ဒီအချက်တွေကိုသိထားဖို့လိုပါတယ်။ 

အကိုက်အခဲပျောက်ဆေးများ 

Photo: ISREAL

အကိုက်အခဲပျောက်ဆေး(NSAIDs )တွေသောက်တာ ၊ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲ ရောင်ရမ်းနာကျင်မှုပျောက်ဆေးတွေသောက်တာဟာ နာကျင်မှုကို ကုသဖို့တော့ အန္တရာယ်မရှိတဲ့ နည်းလမ်းတစ်ခုလို့ ထင်ရပေမယ့် တကယ်တော့ အစာအိမ်နှင့် အူလမ်းကြောင်းမှာ အနာဖြစ်စေပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေပါတယ်။

ညစာနောက်ကျခြင်း

Photo: Safety

ညအိပ်ရာဝင်ချိန်နဲ့ အလွန်နီးကပ်ပြီးမှ စားသောက်ခြင်းက တစ်ညလုံး ရင်ပူစေပါတယ်။ ဘာကြောင့်လဲဆိုတော့ လှဲလျောင်းလိုက်တဲ့အခါမှာ ဗိုက်ထဲက အစာတွေဟာ အစာရေမျိုပြွန်ထဲကို ပြန်ပြီးဝင်လာတာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် အစားအစာကို အိပ်ရာမဝင်မီ အနည်းဆုံး 2 နာရီမှ 3 နာရီအတွင်းပြီးအောင်စားပြီး အိပ်တဲ့အခါမှာလည်း တပြေးတည်းမဟုတ်ဘဲ ခြေထောက်ရေပြင်ညီထက် အနည်းငယ်မြင့်တဲ့ ခေါင်းအုံးနဲ့အိပ်ပါ။

အမျှင်ဓာတ် လုံလောက်စွာ မစားခြင်း

Photo: Medical News Today

လူတွေဟာ အစားအစာကို အမျှင်ဓာတ် လုံလုံလောက်လောက် စားဖို့ သတိမမူတတ်ကြပါဘူး။ ကျွမ်းကျင်သူတွေက တော့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ် စားသုံးဖို့ အကြံပြုထားပါတယ်။ ၂၅ဂရမ် အတိအကျမဟုတ်တောင် ကိုယ့်ရဲ့ အစားအစာမှာ အမျှင်ဓာတ်ပါဝင်အောင် စားသင့်ပါတယ်။ အမျှင်ဓာတ်ဟာ ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

ပြည့်အင့်အောင် စားသောက်ခြင်း

Photo: Michigan

တစ်ထိုင်တည်းနဲ့ အလွန်အကျွံစားခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်းဟာ ခံစားရခက်တဲ့ ပြည့်အင့်မှုဝေဒနာကိုသာမက ဝမ်းလျှောခြင်းနဲ့ ဖောရောင်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။“နည်းနည်းနဲ့ မကြာခဏ စားပေးတာက အစာကြေဖို့ ပိုလွယ်ပြီး ဒီဝေဒနာတွေကို ကာကွယ်စေမယ်လို့ ” ဟု Bronx, Albert Einstein College of Medicine ဆေးပညာဌာန လက်ထောက်ပါမောက္ခ Ian Harnik, MD က အကြံပေးထားပါတယ်။

အစားမြန်မြန်စားခြင်း 

Photo: The Independent

အစာမြန်မြန်စားတာက ဗိုက်ကိုချဲ့ဖို့ အချိန်လုံလောက်အောင်မပေးတာကြောင့် မသက်မသာပြည့်လာနိုင်ပါတယ်။ အစာစားချိန်အတွင်း လေအများကြီးကို မျိုချမိနိုင်ပြီး ဗိုက်အောင့်ခြင်းနဲ့ လေပွခြင်းကို တိုးစေပါတယ်။ သေချာကြေညက်အောင် ဝါးပြီးမှ မျိုချခြင်းက အစာခြေဖို့ ပိုပြီး လွယ်ကူစေပါတယ်။

အစားနဲ့အတူ အရည်အသောက်များခြင်း

အစားစားချိန်မှာ ရေ ၊ လက်ဖက်ရည် ၊ ယမကာ နဲ့ အချိုရည်ပဲ ဖြစ်ဖြစ် အစားနဲ့အတူတူ အရည်သောက်များလွန်းတာက ဝမ်းဗိုက်ဖောင်းခြင်းနဲ့ တစ်ခါတစ်ရံ ဝမ်းလျှောစေပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့ တစ်နေ့တာလုံး ရေများများသောက်ရမယ်ဆိုပေမယ့် အစာစားချိန်မှာတော့ အရည်လျှော့သောက်ရပါမယ်။

Photo: The Hindu

ပီကေဝါးခြင်း

Photo: indiatimes

ပီကေဝါးတတ်တာဟာ သိသိသာသာ လေကို အလွန်အမင်း မျိုချမိစေပြီး လေပွတာ ၊ အစာအိမ် gas ထတာ ၊ ဗိုက်အောင့်တာကို ဖြစ်စေပါတယ်။ဒါ့အပြင် မာကျောတဲ့ သကြားလုံးတွေ စုပ်ခြင်းကလည်း အလားတူအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။


Share

Loading Next Article...
က္က