ဘုတ်အဖွဲ့ဝင်တွေလည်း ရှယ်ယာရောင်းချခဲ့ပါတယ်

Tesla ရှယ်ယာတွေ ရောင်းမယ့်အကြောင်း Tweet တင်ပြီးနောက် အီလွန်မတ်စ်ဟာ ရက်ပိုင်းအတွင်း စံချိန်တင်ငွေကြေးဆုံးရှုံးမှုနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ 


Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ရှယ်ယာ ၁၀% ရောင်းချသင့်သလားဆိုပြီး Twitter မှာ မဲခွဲခဲ့တဲ့ပါတယ်။ ၂၄ နာရီကြာ Twitter Poll မှာ လူပေါင်း ၃.၅ သန်းကျော် မဲပေးခဲ့ပြီး ဒီထဲက ၅၇.၉% က ရှယ်ယာရောင်းဖို့ မဲပေးခဲ့တာပါ။ ရှယ်ယာရောင်းဖို့ မဲပေးမှုထွက်လာပြီးနောက် အီလွန်မတ်စ်ဘက်ကလည်း ကတိအတိုင်း ရှယ်ယာတွေ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ 




Photo: Yahoo Finance

ဒီပြောကြားချက် ထွက်လာပြီးနောက် Tesla ရှယ်ယာတန်ဖိုးဟာ နိုဝင်ဘာ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ ၁၆% အထိ ထိုးကျခဲ့တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှုလည်း နှစ်ရက်အတွင်း ဒေါ်လာဘီလျံ ၅၀ အထိ ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ Bloomberg Billionaires Index သမိုင်းမှာ နှစ်ရက်တည်းနဲ့ အများဆုံး ငွေကြေးဆုံးရှုံးမှုဖြစ်တယ်လို့လည်း Bloomberg က ဖော်ပြထားပါတယ်။ 

၂၀၁၉ ခုနှစ်က Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် ဇနီးဖြစ်သူ မက်စ်ကန်ဇီစကော့တ်နဲ့ အိမ်ထောင်ရေးပြတ်စဲချိန်မှာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၃၆ ဘီလျံ ဆုံးရှုံးခဲ့ပါတယ်။ အီလွန်မတ်စ်ရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲလည်းဖြစ် ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ကင်မ်ဘယ်မတ်စ်လည်း သူ့ပိုင် Tesla ရှယ်ယာ ဒေါ်လာ ၁၀၉ သန်းဖို့ ရောင်းထုတ်ခဲ့တာက Tesla စတော့ခ်ရှယ်ယာတွေ ဈေးထိုးကျစေတဲ့ အကြောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။  

Photo: Forbes


ကင်မ်ဘယ်နဲ့အတူ ဘုတ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရော်ဘင်ဒန်ဟုမ်း ၊ အိုယာအာရန်ပရီးယက်စ် နဲ့ အန်တိုနီယို ဂရာစီယားစ်တို့လည်း အောက်တိုဘာ ၂၈ ရက် Tesla ကုမ္ပဏီဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်ချိန်မှာ ဒေါ်လာသန်းရာပေါင်းများစွာတန်တဲ့ ရှယ်ယာတွေ ရောင်းထုတ်ခဲ့ပါတယ်။ ကင်မ်ဘယ်ကတော့ အီလွန်မတ်စ်ရဲ့ Twitter Poll မတိုင်ခင်လေးမှာ သူ့ပိုင် Tesla ရှယ်ယာတွေ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

Tesla ရှယ်ယာဈေး ထိုးကျသွားပြီး အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျံ ၅၀ လျော့ကျသွားပေမယ့် Bloomberg Billionaires Index စာရင်းမှာ သူဟာ ကမ္ဘာ့အချမ်းသာဆုံးနေရာက ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီလျံနာအညွှန်းကိန်းမှာ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုကို ဒေါ်လာ ၃၂၃ ဘီလျံလို့ ဖော်ပြထားပြီး သူ့အောက်မှာ ဂျက်ဖ်ဘီဇော့စ်က ဒေါ်လာ ၁၂၂ ဘီလျံနဲ့ ဒုတိယအချမ်းသာဆုံး နေရာမှာ ရပ်တည်နေပါတယ်။ 

Share

Loading Next Article...
က္က