• Featured

    ဆရာကြီး ရော်နယ်လ်ဒိုရဲ့ မိုတီဗိတ်ဖြစ်စေမယ့် ဟောပြောချက်တွေကို နာယူခဲ့ရတဲ့ တဲလက်စ်

ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးမစတင်မီ စကားစမြည်ပြောဆိုခဲ့တာပါ။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ရာသီကို စိတ်ပျက်ဖွယ် စတင်ခဲ့တာမဟုတ်ဘူးဆိုရင် အတောက်ပဆုံးခြေစွမ်းတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ပြောရင် မှန်ပါလိမ့်မယ်။

image

ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကြိမ်ပေါင်းများစွာ ကယ်တင်ရှင်ဖြစ်ခဲ့ပြီး ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အသင်းဖော်တွေဆီကို မြင့်မားတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သယ်ဆောင်လာပေးသူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ်ကြိုးစားလိုစိတ်ဟာ အဲလက်စ် တဲလက်စ်နဲ့ စကားစမြည် ပြောဆိုခဲ့ရာမှာ ရှင်းရှင်းလင်းလင်း မြင်သိနိုင်ခဲ့တာဖြစ်ပါတယ်။

image

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗီလာရီးရဲလ်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးအစီအစဉ် မစတင်ခင် ဘရာဇီးလ်နောက်ခံကစားသမားနဲ့အတူ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေခဲ့တာကို ကြားခဲ့ရပါတယ်။

"ငါတို့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တယ်။ အဲဒီနှစ်ပြီး နောက်နှစ်မှာလည်း ငါတို့တွေ ထပ်ပြီးတော့ အနိုင်ရခဲ့တယ်။ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မင်းဘယ်တော့မှ မသိနိုင်ဘူး။ မင်း ကြိုမသိနိုင်ဘူး"လို့ ရော်နယ်လ်ဒိုက တဲလက်စ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ စကားအသွားအလာရ ၂၀၁၅-၂၀၁၆ ရာသီ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့အချိန်ကို ရည်ညွှန်းပြောဆိုခဲ့တာလို့ ယုံကြည်ရပြီး ရာဖေးလ် ဘင်နီတက်ဇ်ဟာ ရာသီဝက်မှာတင် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက ၃ ကြိမ်ဆက်တိုက် ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားရဲ့ ပထမဆုံးအကြိမ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့ ယှဉ်ပြိုင်သူဖြစ်လာနိုင်တဲ့ အနေအထားနဲ့ ဝေးကွာနေပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဗီလာရီးရဲလ်အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်် ယန်းဘွိုင်းနဲ့ လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားသွားဖို့ ကျန်ရှိသေးတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က