ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ချန်ပီယံလိဂ်ပွဲအဖြစ် ကိုင်တွယ်ရမယ့် ယန်းဘွိုင်းစ်နဲ့ပွဲမှာ အပြောင်းအလဲအချို့ ပြုလုပ်သွားမယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့အဝေးကွင်းပွဲမှာ အနိုင်ရရှိခဲ့တဲ့နောက် ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပြီးပါပြီ။
ယန်းဘွိုင်းစ်ကလည်း ယူရိုပါလိဂ်မျှော်လင့်ချက်တစွန်းတစနဲ့ အိုးထရက်ဖို့ဒ်မှာ လာရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် ရန်းနစ်ဂ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ရန်းနစ်ဂ်က “ကျနော်တို့က လန်းဆန်းနေတဲ့ ကစားသမားတွေကိုပဲ အသုံးပြုမှာပါ။ ဘာလို့လဲဆိုတော့ နောက်တပွဲက လာမယ့် စနေ၊ နော့ဝစ်ချ်နဲ့ အဝေးကွင်းပါ”
“ကျနော်တို့ ဒီအကြောင်းကို ကာရင်တန်မှာ ဆွေးနွေးဖြစ်ပါလိမ့်မယ်။ ပြဿနာတခုက ကျနော်တို့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စာရင်းသွင်းထားတဲ့ ကစားသမားတွေကိုပဲ ကစားခိုင်းလို့ရမှာပါ။ ဥပမာပြောရရင် ဖီးလ်ဂျုံးစ်ပေါ့။ ကျနော် သူ့အတွက် ပွဲကစားခွင့်ပေးချင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူက ချန်ပီယံလိဂ် ကစားသမားစာရင်းမှာ်းမားသမားစာတ သူ့အတွက် ပွဲကစားခွ့်ကစားဖို့ အဆင်မပြေလို့ မပါဝင်ပါဘူး”
“ဒီတော့ ကျနော်တို့က ကစားခွင့်ရမယ့် ကစားသမားတွေအတွက်ပါ အာရုံစိုက်ရပါတော့မယ်။ ကျနော်တို့ ကစားသမား (၁၀) ယောက်လောက် ပြောင်းလဲဖြစ်မလား ကျနော် မသိပါဘူး။ ဖြစ်နိုင်တာပဲလေ”
“ဒါပေမယ့် ကျနော်တို့တင်ထားတဲ့ စာရင်းထဲမှာ ကစားသမားလုံလောက်ရဲ့လား ကျနော်မသိပါဘူး။ သေချာတာတခုကတော့ ကျနော်တို့ ကစားသမားသစ်အချို့နဲ့ ကစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိဒီဇင်ဘာပွဲကျပ်ကာလတလျှောက်လုံး (၃) ရက် (၁) ပွဲနှုန်း ကစားရမှာဖြစ်ပြီး ရန်းနစ်ဂ်အနေနဲ့ ဒီပွဲကျပ်တွေကြားထဲမှာ အသင်းလူစာရင်းကို အကောင်းဆုံးချိန်ညှိပြီး ပွဲထုတ်သွားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။