ဆန်းသစ်တဲ့ ခေတ်ပေါ် ဒီဇိုင်းနဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးဖြစ်တဲ့ OPPO A57 5G ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
OPPO A56 5G ရဲ့ အဆက် Square Edge လေးထောင့်ဘောင်ဒီဇိုင်းနဲ့ လာတဲ့ OPPO A57 5G ဟာ 5G ရတဲ့ Entry Level ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ 6nm Dimensity 810 SoC နဲ့ လာပြီး RAM 6GB/8GB ၊ 128GB Storage တွေနဲ့ ထွက်ထားတဲ့အပြင် Storage ထပ်တင်လိုသူတွေအတွက် microSD Slot တစ်ခုလည်း ထည့်ပေးထားပါတယ်။ Android 12/Color OS 12.1 စနစ် သုံးထားပြီး Virtual RAM 5GB ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။

Display ကို Waterdrop Notch ဒီဇိုင်း သုံးထားပြီး 720p HD+ ရုပ်ထွက်ကြောင့် ရုပ်ထွက်ပြတ်သားမှုပိုင်းမှာ သိပ်သဘောကျမိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရင် 60Hz ကနေ 90Hz Refresh Rate သုံးလာတာက စိတ်ကျေနပ်စရာကောင်းပြီး ကာလာရုပ်ထွက်တွေကိုလည်း Natural Mode မှာ 100% sRGB Coverage နဲ့ Vivid Mode မှာ 100% DCI-P3 ထောက်ခံချက်တွေ ပေးထားပါတယ်။
မျက်နှာပြင်ဆိုဒ် ၆.၅၆ လက်မ ရှိပြီး အောက်ခြေမှာ သိသိသာသာ ထူတဲ့ Bezel ဘောင်ဒီဇိုင်း ပါလာမှာ ဖြစ်ပါတဘ်။ ကင်မရာအနေနဲ့ ကျောဘက် 13MP Main Sensor နဲ့ 2MP Depth Sensor ပါရှိပြီး ရှေ့ဘက်မှာ 8MP Selfie ကင်မရာ သုံးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh အားဟာ USB Type C port နဲ့ အားသွင်းနိုင်မှာ ဖြစ်ပြီး Fast Charging တော့ ပါဝင်ခြင်း မရှိပါဘူး။
တခြား port အနေနဲ့ 3.5mm Headphone Jack ပါလာပြီး စတီရီယိုစပီကာ ၊ Dual 5G နဲ့ ဘေးဘောင်လက်ဗွေဖတ်စနစ်တို့ သုံးထားပါတယ်။ တရုတ်ဈေးကွက်မှာ Deep Sea Blue ၊ Quiet Night Black နဲ့ Lilac ကာလာတွေနဲ့ ထွက်ထားပြီး 8/128GB ဗားရှင်းကို ယွမ် ၁၅၀၀ (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။